Facebook is testing a new calling application

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.6.2020 | Facebook ဟာ ဖုန်းခေါ်ဆိုသည့် application အသစ်တစ်မျိုးကို စမ်းသပ်ပြုလုပ်လျှက်ရှိပါတယ်။

Facebook က နောက်ထပ် application အသစ်တစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ထိုအရာနဲ့ အသုံးပြုသူများဟာ ပုံမှန်ဖုန်းခေါ်ဆိုမှုများအပြင် အဖွဲ့လိုက်ဖုန်းခေါ်ဆိုမှုများကို လူပေါင်း (၈) ယောက် အထိလုပ်ဆောင်နိုင်တော့မှာပဲဖြစ်ပါတယ်။ 

ဒီ Facebook ရဲ့ application အသစ်ကို CatchUp လို့ခေါ်ဆိုပြီး ထိုအရာကို internal research and development team နဲ့ ပံ့ပိုးကူညီပေးထားပါတယ်။ 

ဒီတီထွင်မှုအသစ်ဟာ အခြားသော ဆက်သွယ်ရေး app များနဲ့ ကွဲပြားမှုရှိတာကတော့ WhatsApp (သို့) Messenger တို့နှင့်မတူပဲ အသံနှင့်ဖုန်းခေါ်ဆိုမှုများကိုသာ support ပေးထားတာဖြစ်ကာ Video Call များကိုတော့ လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ 

CatchUp ဟာ သူတို့ရဲ့သူငယ်ချင်းများနဲ့ မိသားစုဝင်များသို့ ဖုန်းခေါ်ဆိုမှုများပြုလုပ်လိုသော်လည်း သမားရိုးကျဖုန်းခေါ်ဆိုမှုများဟာ သူတို့အတွက် ဈေးကြီးလွန်းတယ်လို့ခံစားရတဲ့သူများအတွက် ကို ရည်ရွယ်ကာထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်လဲ လူတော်တော်များများဟာ အွန်လိုင်းပေါ် မှဆက်သွယ်ရေး app များကို အသုံးပြုကြတာပဲဖြစ်ပါတယ်။ 

ဒီ application ဟာ အခမဲ့ရရှိနိုင်သလို ထိုအထဲမှ ဖုန်းခေါ်ဆိုမှုများဟာလဲ အခမဲ့ပဲဖြစ်ပါတယ်။ နောက်ပြီး သင့်ရဲ့ Facebook အကောင့်ကိုလည်း ထို app တွင် register ပြုလုပ်စရာမလိုပါဘူး။ ၎င်းက WhatsApp ကဲ့သို့ပင် သင့်ရဲ့ဖုန်းအတွင်း သိမ်းဆည်းထားတဲ့ contact များနှင့် အလုပ်လုပ် တာဖြစ်ပါတယ်။

ယခုအခါ ဒီ app ကို Google Play နှင့် Apple App Store တို့တွင် ရရှိနိုင်ပြီဖြစ်ပါတယ်။ 

(Unicode)







သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။