Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Facebook group များရဲ့ပုံစံကို မကြာမှီတွင် ကြီးမားတဲ့ပြောင်းလဲမှုများပြုလုပ်သွားရန် Meta က စီစဉ်လျှက်ရှိနေပြီး Discord နဲ့ ပုံစံဆင်တူတဲ့ sidebar အသစ်နဲ့အတူ channel များ၊ list များကို Facebook Group များအတွက် စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် Facebook Group များရဲ့ default အရောင်ကိုလည်း Discord နဲ့ ဆင်တူတဲ့ ခရမ်းရောင်အနုကို အသုံးပြုထားတာကို တွေ့ရှိရပါတယ်။
ဒီ sidebar အသစ်မှာ မိမိတို့ရဲ့ group များကို စတုဂံဆန်ဆန် icon များနဲ့ ဖော်ပြပေးသွားမှာဖြစ်ပြီး Discord နဲ့ Slack တို့တွင် အသုံးပြုရသကဲ့သို့ပင် သင့်အနေနဲ့ group များကို list ရဲ့ ထိပ်ဆုံးတွင်ပေါ်နေစေရန် Pin ပြုလုပ်၍ထားနိုင်မှာဖြစ်ပါတယ်။ Group တစ်ခုချင်းစီအတွင်းမှာလည်း Discord နဲ့ဆင်တူတဲ့ Menu တစ်ခုပါဝင်လာမှာဖြစ်ပြီး အဆိုပါ menu က channel များ၊ Messenger conversation များနဲ့၊ Event များ အစရှိတဲ့အရာများကို စီမံခန့်ခွဲနိုင်စေဖို့အတွက်ဖြစ်ပါတယ်။
Group များအတွင်းရှိ channel များတွင်လည်း Text ဖြင့် ရေးသားပြောဆိုမှုများ၊ audio room များ၊ လူအများက post ပြုလုပ်ခြင်း/ comment ပြုလုပ်ခြင်းများကို ပြုလုပ်နိုင်မည့် feed room များပါဝင်လာမှာဖြစ်ပြီး audio room များဟာ Discord နဲ့ တော်တော်လေးဆင်တူနေတာကို တွေ့ရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။