Facebook Gaming acquired Unit 2 Games: The developers behind Crayta

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.6.2021 | Crayta ရဲ့နောက်ကွယ်မှ Developer ကုမ္ပဏီတစ်ခုဖြစ်တဲ့ Unit 2 Games အား Facebook Gaming မှ ဝယ်ယူခဲ့

Facebook ရဲ့ gaming platform တစ်ခုဖြစ်တဲ့ Facebook Gaming ဟာ ယမန်နှစ်က Stadia exclusive အနေနဲ့ ထွက်ရှိခဲ့တဲ့ Crayta ဟုအမည်ရသော Unreal Engine 4 အပေါ်တွင် အခြေခံထားသော Collaborative Game Creation Platform တစ်ခုရဲ့ နောက်ကွယ်မှ developer ဖြစ်သည့် Unit 2 Games ကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း Engadget မှ သတင်းတစ်ပုဒ်အရသိရှိရပါတယ်။

ယခုအခါတွင် Facebook ဟာ Unit 2 ရဲ့ နည်းပညာများကို တရားဝင်ပိုင်ဆိုင်ခွင့်ရရှိသွားပြီဖြစ်သော်လည်း Crayta ကို အသုံးပြုနေသူများကတော့ စိတ်ပူစရာလိုဦးမှာမဟုတ်ပါဘူး။ Unit 2 မှ အဆိုပါဝယ်ယူမှုအကြောင်း FAQs များတွင်ဖြေဆိုထားသည်များအရ သူတို့ Team ဟာ Crayta ကိုပိုမိုတိုးတက်မှုရှိစေရန်ပြုလုပ်ခြင်းကို ရပ်တန့်သွားမှာမဟုတ်ပဲ သူတို့ website ပေါ်ရှိ ဂိမ်းများကို ဆက်လက်၍ ရယူဆော့ကစားနိုင်ဦးမှာဖြစ်ပါတယ်။

Crayta ဟာ Coding ပညာရပ်ကို သင်ကြားထားခြင်းမရှိရင်တောင်မှ မိမိတို့ရဲ့ ကိုယ်ပိုင်ဂိမ်းများကို မိမိကိုယ်တိုင် (သို့) အခြားသူများနှင့်အတူပူးပေါင်း၍ ဖန်တီးနိုင်စေမည့် platform တစ်ခုဖြစ်ပြီး ထို့နောက်တွင် အခြားသူများမှ အဆိုပါဂိမ်းကို ဆော့ကစားနိုင်စေရန်အတွက် လွှင့်တင်ပေးကာ သင့်ရဲ့ကြိုးစားအားထုတ်မှုများမှ ငွေကြေးရှာဖွေနိုင်စေမည့် platform တစ်ခုလည်းဖြစ်ပါတယ်။ ယခုအခါ Facebook မှ အဆိုပါဝယ်ယူမှုကို ပြုလုပ်ခဲ့ခြင်းဟာ “Game များဖန်တီးခြင်းကို ပိုမိုလွယ်ကူစွာပြုလုပ်နိုင်ပြီး အသုံးပြုရလွယ်ကူလာစေရန် ရည်ရွယ်ထားတာဖြစ်သလို Crayta ရဲ့ creation toolset ကို Facebook Gaming ရဲ့ cloud platform ပေါ်သို့ပေါင်းစပ်၍ သူတို့ရဲ့ website ပေါ်တွင် အတွေ့အကြုံအသစ်များကို လျှင်မြန်စွာပေးစွမ်းနိုင်စေဖို့အတွက်လည်း ရည်ရွယ်ထားလျှက်ရှိနေပါတယ်။”

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။