Facebook connected Instagram with Messenger

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.9.2020 | Facebook က Instagram နဲ့ Messenger တို့ကိုချိတ်ဆက်ခဲ့

Facebook ဟာ Messenger နဲ့ Instagram တို့ကို ချိတ်ဆက်ဖို့ကို အတော်ကြာကြာကတည်းက ပြောကြားခဲ့ဖူးပါတယ်။ အခုအခါတော့ ဒီအရာက တစ်ကယ်ဖြစ်လာပါပြီ - Instagram က Android နဲ့ iOS နှစ်ခုစလုံးမှာ ဆက်သွယ်ပြောဆိုနိုင်မယ့် နည်းလမ်းအသစ်တစ်ခုကို စတင်ကာချပြလိုက်ပြီဖြစ်ပါတယ်။ 

မကြာသေးမှီကပဲ Instagram ရဲ့ test version ကို screenshot ရိုက်ထားတဲ့ဓါတ်ပုံများဟာ အင်တာနက်ပေါ်မှာပျံ့နှံ့လာခဲ့ပြီး ဒီအရာက Messenger နဲ့ Instagram တို့ကိုချိတ်ဆက်ဖို့မှာ မကြာမှီတွင်ဖြစ်လာတော့မယ်ဆိုတာကို ဖော်ပြနေပါတယ်။  

ပြီးခဲ့တဲ့အပတ်ကတော့ Instagram ကိုဖွင့်လိုက်တဲ့အခါ အချို့သောအသုံးပြုသူများဟာ အသစ်ဖြစ်ပေါ်လာမယ့်အပြောင်းအလဲများနဲ့ မိတ်ဆက်ပေးထားတဲ့ introductory screen တစ်ခုကို တွေ့မြင်ခဲ့ရပြီး ထိုအရာတွင်လည်း ဒီချိတ်ဆက်မှုအသစ်ကိုကြေငြာပေးခဲ့ပါတယ်။ 

Instagram ပေါ်တွင်ဆက်သွယ်ပြောဆိုရာမှာ ယခုအခါ သင်တို့အနေနဲ့ chat bubble များရဲ့အရောင်၊ emoticon များကိုအသုံးပြုပြီး ပြန်လည်တုန့်ပြန်ခြင်း၊ အချို့သော message များကို ပြန်လည်အကြောင်းပြန်ခြင်း (သို့) Messenger ပေါ်ရှိ မိတ်ဆွေများထံသို့ ဆက်သွယ်ပြောဆိုခြင်း တို့ကိုလည်းပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ 

ဒီ communicator ရဲ့ function တွေအားလုံးနဲ့ သင်ရင်းနှီးပြီးသားဖြစ်နေနိုင်ပါတယ်၊ ဒါပေမယ့်လဲ သင့်အနေနဲ့ ဒီ chat အသစ်ကို Instagram ပေါ်မှာ အသုံးမပြုလိုဘူးဆိုရင်လည်း အသုံးမပြုပဲနေနိုင် ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင့်အနေနဲ့ Messenger ပေါ်ကနေ chat request တွေကို ဆက်လက်ပြီးရရှိနေဦးမှာဖြစ်ပါတယ်။ 

သင့်အနေနဲ့ accept ပြုလုပ်ခဲ့မယ်ဆိုရင်တော့ Instagram message ရဲ့ အမှတ်တံဆိပ်လေးဟာ Messenger ရဲ့ လိုဂိုပုံစံကိုပြောင်းသွားမှာဖြစ်ပါတယ်။ သို့သော်လည်း Facebook ကတော့ ဒီ ပြောင်းလဲမှုအပေါ် မှတ်ချက်တစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ 

(Unicode)






 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။