Facebook buys the studio behind VR shooter 'Onward'

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.5.2021 | Virtual Reality (VR) Shooter Game တစ်ခုဖြစ်တဲ့ “Onward” နောက်ကွယ်က ကုမ္ပဏီအား Facebook မှ ဝယ်ယူခဲ့ 

Endgadget မှ သတင်းတစ်ပုဒ်အရ Facebook ဟာ သူတို့ရဲ့ ကြီးထွားလျှက်ရှိနေသော Oculus Studio အတွင်းသို့ နောက်ထပ် developer တစ်ဦးကို ထည့်သွင်းလိုက်တဲ့အနေနဲ့ First-person VR shooter game တစ်ခုဖြစ်တဲ့ Onward ရဲ့ နောက်ကွယ်က Downpour Interactive အား Facebook မှ ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။ 

အဆိုပါသဘောတူညီချက်ရဲ့ ငွေရေးကြေးရေးပိုင်းဆိုင်ရာအချက်အလက်များကိုတော့ Facebook မှ ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း ပြောကြားချက်အရ အဆိုပါဝယ်ယူမှုတွင် သူတို့ရဲ့ studio တစ်ခုလုံးပါဝင်ကြောင်း သိရှိခဲ့ရပြီး Onward ရဲ့ အနာဂါတ်မှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ နှစ်ဖက်စလုံးမှ "အဆိုပါ game ကို ဆက်လက်၍ Steam အပါအဝင်  လက်ရှိဆော့ကစားနိုင်နေဆဲဖြစ်တဲ့ platform တိုင်းတွင် support ပေးသွားဦးမှာဖြစ်ပါတယ်" ဟူ၍ ဖြေကြားခဲ့ပါတယ်။ 

Facebook ရဲ့ ငွေကြေးပိုင်းဆိုင်ရာထောက်ပံ့ပေးမှုများနှင့်အတူ Downpour အနေနဲ့ project အသစ်များအား စတင်ပြုလုပ်သွားနိုင်ရန် စီစဉ်လျှက်ရှိပြီး လက်ရှိတွင် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း သူတို့အနေနဲ့ “ထိုအရာကို လူများများထံသို့ ရောက်နိုင်သမျှ ရောက်ရှိနိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။