Equinix to Expand Canadian Operations with US$750 Million Acquisition of 13 Bell Data Center Sites

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.6.2020 | Equinix ဟာ ကနေဒါနိုင်ငံက Operation များကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၅၀ ခန့်အသုံးပြုကာတိုးချဲ့ခဲ့ပါတယ်။

Equinix ဟာ ကနေဒါနိုင်ငံက Operation များကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၅၀ ခန့်အသုံးပြု ကာ Bell ဒေတာစင်တာ ၁၃ခုရရှိအောင်တိုးချဲ့ခဲ့ပါတယ်။ မြို့ကြီး ၈ခုတွင် လုပ်ငန်းတိုးချဲ့မှုပြုလုပ်ခြင်းက ကနေဒါနိုင်ငံသားများရဲ့လုပ်ငန်းများနဲ့ ကနေဒါနိုင်ငံ တွင် အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံစုံမှအလုပ်လုပ်ကိုင်သူများကို ဒီဂျစ်တယ်နည်းပညာများသို့ ပြောင်းလဲနိုင်စေဖို့အတွက် ပြုလုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ 

ဒီ နည်းဗျူဟာကျကျအသုံးပြုနိုင်မယ့်ပိုင်ဆိုင်မှုများအပြင် သူတို့နဲ့သက်ဆိုင်တဲ့ operation များနဲ့ ဒေတာစင်တာများတွင် အသုံးပြုလျက်ရှိနေတဲ့ သုံးစွဲသူ customer ပေါင်း ၆၀၀ ခန့်ကလည်း လက်ရှိအခြေအနေအရ မြို့ကြီးပေါင်း ၅၅ခုတွင် ဒေတာစင်တာပေါင်း ၂၁၀ ခန့်ရှိနေတဲ့ ဒီ Equinix ရဲ့ global platform ကို ပိုမိုပြီးခိုင်မာစေမှာလဲဖြစ်ပါတယ်။ ၎င်းက လုပ်ငန်းများကို ကနေဒါနိုင်ငံ အတွင်းနှင့် ကနေဒါမှ အခြားသောနိုင်ငံများသို့ အပြန်အလှန်ဆက်သွယ်မှုပြုလုပ်ခြင်းကို တိုးမြှင့်ပေး ခြင်းအားဖြင့်အကျိုးဖြစ်ထွန်းစေမှာလဲဖြစ်ပါတယ်။  ပြည်နယ် ၆ခုရှိ၊ မြို့ကြီး ၇ခုတွင် ဒေတာစင်တာ အသစ်များဖွင့်လှစ်လိုက်ခြင်းက Equinix ရဲ့ ဒီဂျစ်တယ်လက်တံကိုတိုးချဲ့လိုက်တာဖြစ်ပြီး နည်းဗျူ ဟာအရသင့်လျော်တဲ့ အခန်းကဏ္ဍများရှိ အဓိကကျတဲ့ customer များကို စွဲဆောင်နိုင်ခြင်းအားဖြင့် Equinix ထံတွင်ရရှိနိုင်တဲ့ ecosystem တစ်ခုရဲ့တန်ဖိုးကိုမြှင့်တင်ပေးလိုက်ခြင်းလဲဖြစ်ပါတယ်။ ဒီ သဘောတူညီချက်ရဲ့နောက်ကွယ်တွင် Equinix နဲ့ Bell တို့ဟာ ကနေဒါအတွင်းရှိလုပ်ငန်းများကို hybrid multicloud solution ကိုဝယ်ယူရန်တိုက်တွန်းဖို့အတွက်နဲ့ သူတို့ရဲ့ Digital transformation လုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန်ပြီးမြောက်နိုင်စေရန်အတွက် ပူးပေါင်းလုပ်ဆောင် ကြတော့မှာပဲဖြစ်ပါတယ်။ 

(Zawgyi) 



သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။