Elon Musk says Steam will arrive on Teslas soon

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.7.2022 | Tesla ကားများပေါ်တွင် Steam ကို မကြာမှီအသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ Elon Musk မှ ပြောကြားခဲ့ 

Tesla ဟာ ၎င်းတို့ရဲ့ကားအတွင်းဆော့ကစားနိုင်တဲ့ Game collection များကို ထပ်မံတိုးချဲ့နိုင်မယ့် နည်းလမ်းတစ်ခုအနေနဲ့ Steam ကို ထည့်သွင်းရန် စီစဉ်ဆောင်ရွက်လျှက်ရှိနေပါတယ်။ 

Tweet တစ်ခုကို reply ပြုလုပ်စဉ်တွင် Tesla CEO Elon Musk က ၎င်းတို့ရဲ့ကုမ္ပဏီဟာ "Steam ကို ထည့်သွင်းပေးဖို့ဆောင်ရွက်လျှက်ရှိနေပါတယ်" ဟူ၍ပြောကြားခဲ့ပြီး "လာမည့်လတွင် စမ်းသပ်အသုံးပြုနိုင်မှာဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။ 

Tesla ကားများတွင် built-in ပါဝင်သော Tesla Arcade တွင် Cuphead နှင့် Sonic the Hedgehog 1 ကဲ့သို့သော ဂိမ်းများဟာ နဂိုတည်းကပါဝင်ပြီးသားဖြစ်သော်လည်း Steam ရဲ့ Digital store ကို ထည့်သွင်းပေးလိုက်ခြင်းအားဖြင့် အသုံးပြုသူများအနေနဲ့ ပိုမိုများပြားလှတဲ့ ဂိမ်းများကို ထည့်သွင်း၍ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။