Elon Musk said Twitter should become like WeChat

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.6.2022 | Elon Musk မှ Twitter ဟာ WeChat ကဲ့သို့ဖြစ်လာသင့်ကြောင်း ပြောကြား

၎င်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အသုံးပြုသူပေါင်း ၁ ဘီလျံအထိဖြစ်လာစေဖို့အတွက် ကုမ္ပဏီဟာ WeChat နဲ့ TikTok တို့ ကဲ့သို့ဖြစ်လာဖို့လိုအပ်တယ်လို့ Elon Musk က ၎င်းရဲ့ Twitter ဝန်ထမ်းများကို ဇွန်လ ၁၆ ရက်နေ့တွင်ပြောကြားခဲ့ပါတယ်။ 

Twitter အနေနဲ့ ၎င်းတို့ရဲ့ user base ကို ပိုမိုတိုးပွားလာစေပြီး engagement ဖြစ်မှုနှုန်းကို တိုးမြှင့်နိုင်မလဲဆိုသည်ကို မေးမြန်းမှုတွင် Musk က Twitter အနေနဲ့ ပိုမို၍အသုံးဝင်မှုရှိစေမယ့်လုပ်ဆောင်ချက်များကို ထည့်သွင်းပေးပြီး “အသုံးပြုသူများကို ဖျော်ဖြေမှုပေးနိုင်ပြီး တစ်ချိန်တည်းတွင် အချက်အလက်များကိုလွယ်ကူစွာသိရှိနိုင်စေရန်” လုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Musk ရဲ့ ပထမဆုံးအကြိမ် ဝန်ထမ်းများအားလုံးသို့ ပြောကြားခဲ့တဲ့ မှတ်ချက်ကို နားထောင်ခဲ့ရသူများရဲ့ ပြောကြားချက်အရ Musk က social media ကို ငွေပေးချေမှုစနစ်များ၊ ဂိမ်းများနှင့် အဌားယာဉ်ခေါ်ယူမှုများပါ ထည့်သွင်းပေးထားသော တရုတ်နိုင်ငံရှိ super app တစ်ခုဖြစ်တဲ့ WeChat နဲ့ နှိင်းယှဉ်ပြခဲ့ပါတယ်။ 

“တရုတ်နိုင်ငံပြင်ပမှာ WeChat နဲ့ တူညီတဲ့အရာတစ်ခုမှမရှိပါဘူး” “တရုတ်နိုင်ငံအတွင်းမှာဆိုရင် လူတွေက WeChat အပေါ်မှီခိုနေရပါတယ်။ ဒါကို Twitter မှာ ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် ကျွန်ုပ်တို့ဟာ အလွန်အောင်မြင်လာမှာဖြစ်ပါတယ်” ဟူ၍ Musk က virtual အစည်းအဝေးအတွင်း ပြောကြားသွားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။