eBay purchases sneaker authentication service Sneaker Con

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.12.2021 | ရှုးဖိနပ် (Sneaker) များကို အတုအစစ်ခွဲခြားပေးသည့် ဝန်ဆောင်မှုပေးလျှက်ရှိနေသော Sneaker Con ကို eBay မှ ဝယ်ယူခဲ့

eBay မှ sneaker authentication ဝန်ဆောင်မှုများပေးလျှက်ရှိနေသော Sneaker Con ကို ဝယ်ယူလိုက်ပြီပဲဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီဟာ sneaker ကိုအရူးအမူးကြိုက်နှစ်သက်တဲ့ စုဆောင်းသူများကို ၎င်းတို့ဝယ်ယူလိုက်တဲ့ ဖိနပ်များဟာ အစစ်အမှန်ဖြစ်ကြောင်း သက်သေထူ စစ်ဆေးမှုများကို ပြုလုပ်ပေးခြင်းအားဖြင့် စိတ်ကျေနပ်မှုကိုရရှိစေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

 ဒီဝယ်ယူမှုကို လက်ရှိ eBay နှင့် အဆိုပါဝန်ဆောင်မှုတို့အကြားတွင်ရှိနေတဲ့ ဆက်နွယ်ပတ်သက်မှုများအပေါ်မူတည်၍ ဝယ်ယူလိုက်ခြင်းဖြစ်တယ်လို့လည်း ကြားသိရပါတယ်။ အောက်တိုဘာလ ၂၀၂၀ ခုနှစ်တွင် စတင်၍ eBay ဟာ ၎င်းတို့ရဲ့ website ပေါ်တွှင် ရောင်းချနေသည့် sneaker များကို စတင်၍ စစ်ဆေးမှုလုပ်ငန်းစဉ်များကိုထည့်သွင်းခဲ့ပါတယ်။ ကြိုတင်သတ်မှတ်ထားတဲ့ sneaker brand အချို့ကို e-bay ပေါ်တွင် ကန်ဒေါ်လာ ၁၀၀ နှင့်အထက် ပေး၍ ဝယ်ယူခဲ့ပါက အဆိုပါ ရှုးဖိနပ်များဟာ ဝယ်သူထံသို့ပေးပို့ခြင်းမပြုလုပ်မှီတွင် sneaker con ရဲ့ စစ်ဆေးမှုများကို အရင်ဦးစွာကျော်ဖြတ်ရမှာဖြစ်ပါတယ်။ ထိုနေရာတွင် ကျွမ်းကျင်သူများမှ အဆိုပါ ရှုးဖိနပ်များဟာ စစ်မှန်မှုရှိပြီး မူရင်းဖော်ပြထားတဲ့အချက်အလက်များနဲ့ ကိုက်ညီမှုရှိ/ မရှိကို တိုက်ဆိုင်စစ်ဆေးပေးနေတာပဲဖြစ်ပါတယ်။

ပြီးနောက်မှာတော့ ၎င်း sneaker များဟာ အတည်ပြုစစ်ဆေးပြီးဖြစ်ကြောင်း တံဆိပ်ကပ်ပြီးနောက် ဝယ်ယူသူဖက်သို့ ရောက်ရှိလာမှာဖြစ်ပါတယ်။ eBay ရဲ့ ပြောကြားချက်အရ အဆိုပါလုပ်ငန်းရဲ့ ကနဦးစတင်ချိန်မှ ယနေ့အချိန်အထိ eBay ပေါ်တွင် sneaker ပေါင်း ၁.၅၅ သန်းကို အတည်ပြုပေးနိုင်ခဲ့ပြီး အခြားသော sneaker ဈေးကွက်များမှလည်း အဆိုပါ platform ပေါ်တွင် နေ့စဉ် sneaker ပေါင်း ၁.၉ သန်းခန့်ကို ပုံမှန်အတည်ပြုစစ်ဆေးမှုများပြုလုပ်ပေးနေလျှက်ရှိကြောင်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။