eBay announced their plans to accept cryptocurrencies as a valid payment option

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.5.2021 | eBay မှ cryptocurrency များကို ပေးချေ၍ရနိုင်သော payment option တစ်ခုအဖြစ် လက်ခံသွားရန် စီစဉ်လျှက်ရှိကြောင်း ကြေငြာခဲ့

၂၀၂၁ ခုနှစ်၊ မတ်လတွင် Bitcoin ဈေးနှုန်းများဟာ အမြင့်ဆုံး ကန်ဒေါ်လာ ၆၀,၀၀၀ အထိသို့ ရောက်ရှိခဲ့ပြီးနောက် Warren Buffet အပါအဝင် များစွာသောရင်းနှီးမြှုပ်နှံသူများမှ Bitcoin နှင့် အခြားသော cryptocurrency များကို “အန္တရာယ်များပြီး” “တန်ဖိုးမရှိဘူး” ဟူ၍ သတိပေးမှုများ၊ ဝေဖန်မှုများအကြားတွင်တောင်မှ များစွာသောကုမ္ပဏီများဟာ cryptocurrency များကို တရားဝင်ငွေပေးချေ၍ရနိုင်သည့် option တစ်ခုအနေဖြင့် ပို၍ပို၍ လက်ခံလာကြပြီပဲဖြစ်ပါတယ်။

ထိုသို့လက်ခံခဲ့ကြသည့် ကုမ္ပဏီများတွင် - Burger King, KFC, Pizza Hut နှင့် Xbox အပြင်အခြားသော ကုမ္ပဏီများစွာလည်း ပါဝင်နေခဲ့ပြီး မကြသေးမှီက eBay မှလည်း cryptocurrency များကို တရားဝင်ငွေပေးချေ၍ရနိုင်သည့် option တစ်ခုအဖြစ် အနာဂါတ်တွင် လက်ခံသွား၍ရနိုင်မလား ဆိုတာကို စဉ်းစားလျှက်ရှိကြောင်း ကြေငြာချက်တစ်ရပ်ကိုထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။

“ကျွန်ုပ်တို့အနေဖြင့် သင့်တော်တဲ့ payment အမျိုးအစားများကို အမြဲတမ်းရှာဖွေလျှက်ရှိနေပြီး  ဆက်လက်၍ ထိုအရာကို အကဲဖြတ်မှုများပြုလုပ်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုအတွက်အစီအစဉ်တစ်ခုခု မရှိသေးပေမယ့်လည်း Cryptocurrency များဟာ ကျွန်ုပ်တို့အမြဲတမ်းစောင့်ကြည့်လျှက်ရှိနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။” ဟူ၍ eBay မှ Reuter သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။