eBay accidentally suspended some user accounts

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.12.2021 | အချို့သောအသုံးပြုသူများရဲ့ အကောင့်များကို eBay မှ မတော်တဆ suspend ပြုလုပ်မိခြင်းတစ်ရပ်ဖြစ်ပွားခဲ့ 

ဒီဇင်ဘာလ ၃ ရက်နေ့တွင် အရေအတွက်အတိအကျမသိရှိရသေးတဲ့ အသုံးပြုသူအချို့ရဲ့အကောင့်များကို eBay မှ မှားယွင်းပြီး suspend ပြုလုပ်ခဲ့ခြင်းတစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ eBay မှ ဒီအဖြစ်အပျက်ကို သိရှိခဲ့ပြီးနောက်တွင် ဒီလိုမတော်တဆ suspend ပြုလုပ်ခြင်းခံခဲ့ရတဲ့ အသုံးပြုသူများအနေနဲ့ အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရန် notification များပေးပို့၍ သတိပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

eBay မှ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းမရှိသော်လည်း ရုတ်တရက် suspend ပြလုပ်ခြင်းခံခဲ့ရတဲ့ အသုံးပြုသူများဟာ ပြီးခဲ့တဲ့သောကြာနေ့က များစွာသော social media platform များပေါ်တွင် စာများရေးသား၍တင်ခဲ့ကြပြီး အချို့သောအသုံးပြုသူများရဲ့ပြောကြားချက်များအရ eBay ဟာ ၎င်းတို့လေလံဆွဲ၍ဝယ်ယူမှုပြုလုပ်ခဲ့ပြီးတဲ့ ထုတ်ကုန်များကိုပါ cancel ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ 

The Verge သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုတွင်တော့ eBay ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Trina Somera မှ “ဒီဇင်ဘာလ ၃ ရက်နေ့တွင် eBay အကောင့်အနည်းငယ်ကို မှားယွင်းပြီး suspend ပြုလုပ်မိခဲ့ကြောင်း” အတည်ပြုပြောဆိုခဲ့ပြီး “ဒီပြဿနာကို ယခုအခါတွင်တော့ဖြေရှင်းပြီးဖြစ်ကာ အသုံးပြုသူများထံသို့လည်း အကြောင်းကြားမှုများကို ပြုလုပ်ပေးခဲ့ပြီးပြီဖြစ်ပါတယ်။ ဒီကိစ္စကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာများအတွက်လည်း လွန်စွာစိတ်မကောင်းဖြစ်မိပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။