Done Tindering and Bumbling! Get ready for Facebook Dating

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.6.2020 | Bumble နဲ့ Tinder ကို အသုံးပြုရတာငြီးငွေ့လာပြီလား! Facebook Dating ရောက်လာပါပြီ

အင်တာနက်ပေါ်မှ အချစ်ဇာတ်လမ်းတွေနဲ့ date လုပ်မှုတွေမှာမတရားတာမရှိပါဘူး။ စုံတွဲတွေမှ သူတို့နဲ့ကိုက်ညီတဲ့အချစ်ကို online ပေါ်မှရှာဖွေခြင်းဟာ ခေတ်သစ်တစ်ခုသို့ဦးတည်နေပြီပဲဖြစ်ပါ တယ်။

သင်ဟာအချစ်ကိုစဉ်ဆက်မပြတ်ရှာဖွေနေတဲ့သူတစ်ဦးဖြစ်ပြီး Tinder နဲ့ Bumble တို့ကို အသုံးပြု နေတဲ့သူတစ်ဦးဆိုရင်တော့ Facebook ကလည်းဒီကစားပွဲအတွင်းကိုပါဝင်လာခဲ့ပြီဆိုတာကိုသိရှိ ထားသင့်ပါတယ်။ 

ယာယီတွဲခြင်းသာမက
Facebook ရဲ့တည်ထောင်သူဖြစ်တဲ့ Mark Zukerberg ကပြောကြားခဲ့တာကတော့ ခဏတာတွေ့ ဆုံခြင်းမျှသာမကပဲ အမှန်တကယ်ရှည်လျားတဲ့ပက်သတ်မှုများကိုတည်ဆောက်နိုင်စေဖို့အတွက် စီစဉ်ပြုလုပ်ထားတဲ့ဝန်ဆောင်မှုတစ်ခုဖြစ်တယ်ဟူ၍ ကတိပေးပြောကြားခဲ့ပါတယ်။ 

လစဉ်အသုံးပြု နေသူ ၂ဘီလျံရှိတဲ့ ဒီလူမှုကွန်ယက်ကုမ္ပဏီကြီးရဲ့ အပြည်ပြည်ဆိုင်ရာအောင်မြင်မှု တွေအရ အချို့သောသူများရဲ့ အချက်အလက်များကို dating ပြုလုပ်ရန်အတွက်ဝန်ဆောင်မှုအနေနဲ့ အသုံးပြုနိုင်နေသော်လည်း အပြိုင်အဆိုင်များကတော့ သူတို့ကိုသိပ်ပြီးလေးလေးနက်နက်မရှိကြ သေးပါဘူး။ 

အွန်လိုင်းပေါ်ကဘဝတွင်ဖြစ်နေကျကိစ္စ
Online dating ဟာ ဖြစ်နေကျကိစ္စရပ်တစ်ခုဖြစ်လာသည်နဲ့အမျှ ဗြိတိန်ကစုံတွဲတွေထဲမှ တစ်ဝက် ခန့်ဟာ အထက်ပါအတိုင်းဆုံစည်းခဲ့ကြတာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကြာသည်အထိလက်တွဲခဲ့ကြ တယ်လို့ ကျွမ်းကျင်သူများရဲ့ခန့်မှန်းချက်အရ သိရှိရပါတယ်။ Dating ဝန်ဆောင်မှုကဏ္ဍတွင် Facebook ရဲ့ တဖြည်းဖြည်းအခြေချလာမှုဟာ ဈေးကွက်တစ်ခုလုံးကိုကိုင်လှုပ်နိုင်စွမ်းရှိနေပါတယ်။ 

အခြားကုမ္ပဏီကြီးများ 

Facebook ရဲ့ အပြိုင်အဆိုင်ကုမ္ပဏီများဟာ ဒီကယ်လီဖိုးနီးယားပြည်နယ်ကကုမ္ပဏီကြီး ရဲ့ဈေးကွက်အတွင်းဝင်ရောက်လာမှုကို IAC ရဲ့ ရှယ်ယာဝင်ဖြစ်တဲ့အပြင် Hinge, OKCupid, Match.com, Meetic နဲ့ Tinder တို့ကဲ့သို့သော dating brand များကိုပိုင်ဆိုင်ထားတဲ့ မူရင်းကုမ္ပဏီကနေ ခွဲထွက်လာတဲ့ US internet ကုမ္ပဏီတစ်ခုဖြစ်တဲ့ Match Group ကို အာရုံ စိုက်နေရတဲ့အတွက် စိတ်ဝင်စားနေဖို့အချိန်မရှိသေးပါဘူး။ 

Specialist data provider တစ်ခုဖြစ်တဲ့ AppAnnie ရဲ့ ဂိမ်းမဟုတ်တဲ့ app တွေအသုံးပြုသူများထံ မှအမြတ်ငွေရရှိခြင်းအပေါ်ပြီးခဲ့သောနှစ်ကလေ့လာချက်အရ Tinder ဟာ ထိပ်ဆုံးတွင်ရပ်တည် နေပြီး၊ တစ်နှစ်လုံးအတွင်း ဒေါ်လာ ၁.၂ ဘီလျံရရှိခဲ့ကာ ကမ္ဘာတစ်ဝှမ်းဈေးကွက်အရ ဒေါ်လာ ၂.၂ ဘီလျံကို ရှာဖွေနိုင်ခဲ့ပါတယ်။ 

(Unicode)






အခွားကုမ်ပဏီကွီးမြား 



သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။