Disneyland and Disney California Adventure will re-open to public by the end of April

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.3.2021 | Disneyland နဲ့ Disney California Adventure theme park များကို ဧပြီလကုန်မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးတော့မည်ဖြစ် 

Disneyland နဲ့ Disney California Adventure theme park များကို လူဦးရေအကန့်အသတ်နှင့်အတူ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှ စတင်၍ ပြန်လည်၍ဖွင့်လှစ်ပေးသွားတော့မှာဖြစ်ကြောင်း Disneyland မှ ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။ အဆိုပါပြန်လည်ဖွင့်လှစ်မှုများကြောင့် အလုပ်မှရပ်နားထားရတဲ့ အဖွဲ့ဝင်ပေါင်း ၁၀,၀၀၀ ခန့်ဟာ ပန်းခြံများနှင့် ဟိုတယ်များတွင် ပြန်လည်၍ တာဝန်ထမ်းဆောင်ကြရတော့မှာဖြစ်ပါတယ်။ 

Disneyland Resort အတွင်းရှိ များစွာသော Hotel များဟာလည်း အဆင့်အလိုက်ပြန်လည်ဖွင့်လှစ်မှာများကို တဖြည်းဖြည်းပြုလုပ်သွားရန်ရှိနေပြီး ဧပြီလ ၂၉ ရက်နေ့တွင် Disney ရဲ့ Grand California Hotel & Spa မှ စတင်၍ ဖွင့်လှစ်မှုများကို ဆောင်ရွက်သွားရန်ရှိနေပါတယ်။ Paradise Pier Hotel နှင့် Disneyland Hotel များကိုလည်း လာမည့်အနာဂါတ်တွင် ပြန်လည်ဖွင့်လှစ်သွားဖို့ရှိနေသော်လည်း လက်ရှိအချိန်မှာတော့ နေ့ရက်အတိအကျကို ထုတ်ပြန်ပေးခြင်းမရှိသေးပါဘူး။ 

COVID-19 ကပ်ရောဂါဖြစ်ပွားနေဆဲကာလဖြစ်နေသည့်အတွက် California မြို့ကို တစ်နှစ်ကျော်ခန့် lockdown ပြုလုပ်ခဲ့ရပြီး Disneyland theme park နှင့် ဆက်စပ်လုပ်ငန်းများကို အခြားသောလုပ်ငန်းများနည်းတူ ပိတ်ထားခဲ့ရတာဟာ ၁ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ Social Distancing ကို အားပေးတဲ့အနေနဲ့ အပန်းဖြေပန်းခြံများတွင် ယခင်ကကဲ့သို့ လူရှုပ်ထွေးနေမည်အား ကာကွယ်နိုင်ရန် Disneyland မှ park reservation system စနစ်အသစ်ကို ကျင့်သုံးသွားဖို့ရှိနေပြီး လည်ပတ်လိုသူများအနေနဲ့ ဝင်ခွင့်ရရှိနိုင်ရန်အတွက် ကြိုတင်၍စာရင်းပေးသွားသွားဖို့လိုအပ်မှာဖြစ်ပြီး ယခုအချိန်မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း နေထိုင်သူများသာ Disneyland ပန်းခြံများအတွင်းသို့ ဝင်ရောက်ခွင့်ရရှိဦးမှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။