Discord is planning to release Watch Together feature by the end of October

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.10.2021 | Discord မှ Watch Together ဟုအမည်ပေးထားသည့် feature အသစ်ကို အောက်တိုဘာလကုန်ခန့်တွင်ထုတ်လွှင့်ပေးရန် စီစဉ်လျှက်ရှိ 

Discord မှ Watch Together ဟု အမည်ပေးထားသည့် feature အသစ်တစ်ခုကို စတင်စမ်းသပ်လျှက်ရှိနေပြီဖြစ်ပြီး အဆိုပါ feature ဟာ အသုံးပြုသူများကို YouTube မှ video playlist များအား သူတို့ရဲ့ chat platform ပေါ်မှ တိုက်ရိုက်ကြည့်ရှုနိုင်စေမည့် လုပ်ဆောင်ချက်တစ်မျိုးပဲဖြစ်ပါတယ်။ 

အဆိုပါ feature ကို လက်ရှိတွင် friends and family server များတွင်သာ ရရှိနိုင်ဦးမှာဖြစ်သော်လည်း သတင်းများအရ ကုမ္ပဏီမှ အောက်တိုဘာလကုန်ခန့်တွင် Discord community တစ်ခုလုံး အဆိုပါ feature ကို အသုံးပြု၍ရနိုင်စေရန် ထုတ်လွှင့်ပေးသွားဖို့ ရှိနေပါတယ်။ 

အသုံးပြုသူများအနေနဲ့ ပါဝင်လာမည့် interface မှတဆင့် မိမိတို့ကြည့်ရှုလိုတဲ့ video များကို တိုက်ရိုက်ရှာဖွေခြင်း (သို့) YouTube မှ link ကို paste ပြုလုပ်ခြင်းတို့ဖြင့် server queue အတွင်းသို့ထည့်သွင်းနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။