Developer behind Pokemon Go announced a new AR game named Peridot

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.4.2022 | Pokemon Go နောက်ကွယ်ရှိ Developer ကုမ္ပဏီမှ Peridot လို့အမည်ပေးထားတဲ့ AR game အသစ်ကို ကြေငြာမှုပြုလုပ်ခဲ့

Niantic လို့အမည်ရတဲ့ လူသိများသော Pokemon Go လို့အမည်ရတဲ့ ဂိမ်းတစ်ခုရဲ့ နောက်ကွယ်က developer ကုမ္ပဏီမှ ၎င်းတို့ရဲ့ နောက်ထပ် augmented reality game တစ်ခုကို ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ အဆိုပါဂိမ်းကို Peridot လို့အမည်ပေးထားပြီး ယခင်ထုတ်လုပ်ခဲ့တဲ့ Pokemon Go ကဲ့သို့ပင် ချစ်စဖွယ်ကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကောင်လေးတွေနဲ့ ပြည့်နှက်နေသော ဂိမ်းတစ်ခုအဖြစ် ထွက်ရှိလာမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

အဆိုပါဂိမ်းကတော့ ဆန်းကြယ်တဲ့သတ္တဝါလေးများကို မွေးမြူခြင်း၊ အစာကျွေးခြင်းနှင့် ဂရုစိုက်ပေးခြင်းတို့ကိုပြုလုပ်ပေးရမှာဖြစ်ပြီး အချို့ကတော့ အဆိုပါဂိမ်းဟာ Pokemon Go နှင့် Tamagotchi ဂိမ်း (၂) ခုကို ပေါင်းစပ်ထားသည့်ပုံစံဖြစ်ပြီး AR နည်းပညာများကို ထည့်သွင်းထားသည့် ဂိမ်းတစ်ခုဖြစ်တယ်လို့ ပြောကြားလျှက်ရှိနေပါတယ်။

Peridots တွင်ပါဝင်လာမယ့် ထူးခြားတဲ့အချက်ကတော့ အကောင်တိုင်းဟာ တစ်မူထူးခြားနေမှာဖြစ်ပြီး အားလုံးဟာ Player များ craft ပြုလုပ်ထားတဲ့ ပိုင်ဆိုင်မှုများနဲ့ မျိုးရိုးစဉ်ဆက်အရ ကွဲပြားခြားနားမှုများ ရှိနေမှာဖြစ်ကာ ကိုယ်ပိုင်အမူအကျင့်များလည်း ပါဝင်နေမှာဖြစ်ပါတယ်။ Niantic ရဲ့ ပြောကြားချက်အရ အဆိုပါ အကောင်လေးများတွင် သူတို့ရဲ့ကိုယ်ပိုင် DNA များလည်းရှိနေပြီး ဒီအရာဟာ အကောင်များကို မျိုးပွားမွေးမြူမှု ပြုလုပ်ရာတွင်အဆုံးအဖြတ်ပေးသွားမှာဖြစ်ပြီး ဂိမ်း developer ရဲ့ ပြောကြားချက်အရ “အဆိုပါပုံစံကို တစ်ကယ့်လက်တွေ့ကမ္ဘာရှိ DNA ရဲ့ အလုပ်လုပ်ပုံအပေါ် အခြေခံတည်ဆောက်ထားတာဖြစ်တယ်” လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။