Decentralized finance platform BadgerDAO was hacked, a heist worth $120 million

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.12.2021 | ကန်ဒေါ်လာ သန်း ၁၂၀ တန်ကြေးရှိ cryptocurrency များကို decentralized finance platform တစ်ခုဖြစ်တဲ့ BadgerDAO ထံမှ ခိုးယူခြင်းခံရ

ဒီဇင်ဘာလ ၁ ရက်နေ့တွင် - တစ်စုံတစ်ဦးမှ decentralized finance platform တစ်ခုဖြစ်တဲ့ BadgerDAO နှင့် ချိတ်ဆက်ထားသော cryptocurrency wallet များစွာမှ crypto ငွေကြေးများကို ခိုးယူမှုပြုလုပ်ခဲ့ကြောင်း သတင်းများအရ သိရှိရပါတယ်။

အဆိုပါ ခိုးယူမှုအား စုံစမ်းစစ်ဆေးရန်အတွက် Badger နှင့်အတူတကွ ပူးပေါင်းဆောင်ရွက်လျှက်ရှိသော Blockchain security နှင့် data analytics ကုမ္ပဏီတစ်ခုဖြစ်တဲ့ PeckShield ရဲ့ပြောဆိုချက်အရ ထိုဆိုက်ဘာတိုက်ခိုက်မှုတွင် ခိုးယူမှုခံခဲ့ရသော crypto token များဟာ ကန်ဒေါ်လာ သန်း ၁၂၀ အထိတန်ကြေးရှိတယ်လို့ သိရှိရပါတယ်။

ငွေကြေးလွှဲပြောင်းမှု (transaction) များရဲ့ ထင်သာမြင်သာရှိတဲ့ သဘောကြောင့် ကျွန်ုပ်တို့အနေနဲ့ attacker များဘက်မှ စတင်တိုက်ခိုက်မှုပြုလုပ်လိုက်တာနဲ့ ဘာတွေဖြစ်သွားသလဲဆိုတာကို သိရှိနိုင်ခဲ့ပါတယ် ဟူ၍ BadgerDAO မှ ပြောကြားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။