Czech Republic’s capital and Ministry of Labour got an unexpected cyber attack

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.3.2021 | Czech Republic ရဲ့ မြို့တော်နှင့် အလုပ်သမားဝန်ကြီးဌာနတို့အား မျှော်လင့်မထားတဲ့ cyber တိုက်ခိုက်မှုတစ်ရပ်နှင့် တွေ့ကြုံခဲ့ရ 

Reuters သတင်းဌာနရဲ့ သတင်းတစ်ပုဒ်အရ - Czech နိုင်ငံရဲ့မြို့တော် Prague နဲ့ အလုပ်သမားဝန်ကြီးဌာနတို့မှ သူတို့ရဲ့ email system များအား cyber တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခြင်းခံခဲ့ရကြောင်း ပြောကြားလာခဲ့ပါတယ်။ Prague မြို့တော်ဝန်မှ ဒီအရာဟာ ကြီးမားတဲ့တိုက်ခိုက်မှုတစ်ရပ်ဖြစ်ခဲ့သော်လည်း ဆုံးရှုံးမှုများဟာတော့ အနည်းငယ်သာရှိခဲ့ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ 

မြို့တော်ဝန် Zdenek Harib မှ မတ်လ ၄ ရက်နေ့တွင် သူ့ရဲ့ကိုယ်ပိုင် twitter အကောင့်မှတဆင့် “ပြည်သူ့ဝန်ဆောင်မှုပေးရေးစနစ်များကို ကြီးမားတဲ့ cyber တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ မြို့တော်အတွင်းရှိ servier များဟာ အဆိုပါတိုက်ခိုက်မှုမှလွတ်မြောက်ခဲ့ပါတယ်။ email ပေးပို့ရေးစနစ်များတွင် safety patch (လုံခြုံရေးအတွက် ပြင်ဆင်မှု) များကို ထည့်သွင်းဖို့အတွက် လိုင်းဖြတ်တောက်မှုများကို ပြုလုပ်၍ လုပ်ဆောင်ခဲ့ပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

Czech Republic ရဲ့ အလုပ်သမားဝန်ကြီးဖြစ်သူ Jana Malacova မှလည်း သူမရဲ့ဝန်ကြီးဌာနကိုလည်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့တယ်လို့ပြောဆိုထားခဲ့ပါတယ်။ သို့သော်လည်း အဆိုပါတိုက်ခိုက်မှုရဲ့ အသေးစိတ်အကြောင်းအရာများကိုတော့ ဒေသခံသတင်းဌာနများသို့ ထုတ်ဖော်ပြောကြားခြင်း မပြုလုပ်ခဲ့ပါဘူး။ National Cyber and Information Agency (နိုင်ငံတော် Cyber နဲ့ သတင်းအချက်အလက်အေဂျင်စီ) ကတော့ တိုက်ခိုက်ခံခဲ့ရသောဌာနများကို အကူအညီများပေးအပ်လျှက်ရှိနေကြောင်း ပြောဆိုသွားခဲ့ပြီး တိုက်ခိုက်သူများဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ စုံစမ်းဖော်ထုတ်၍မရသေးကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။