Crypto.com admits over $30 million was stolen by hackers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.2.2022 | Hacker များက ကန်ဒေါ်လာ သန်း ၃၀ တန်ကြေးရှိ Cryptocurrency များကို Crypto.com ထံမှ ခိုးယူခဲ့

Crypto.com ဆိုတဲ့ cryptocurrency exchange တစ်ခုဟာ ၎င်းတို့ရဲ့ Bitcoin နှင့် Ethereum ငွေကြေး ကန်ဒေါ်လာ သန်း ၃၀ ဖိုး ခန့်ကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် Hacker များရဲ့ ခိုးယူတိုက်ခိုက်မှုကြောင့် ဆုံးရှုံးခဲ့ရတယ်လို့ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်စောစောတွင် blog post တစ်ခုကိုရေးသား၍ ဝန်ခံခဲ့ပါတယ်။ 

Crypto.com ဟာ အဆိုပါ Hacking ပြုလုပ်၍ Cryptocurrency များ ခိုးယူခံခဲ့ရမှုနှင့် ပတ်သက်၍ တိကျရှင်းလင်းစွာပြောဆိုအသိပေးခဲ့ခြင်းမရှိပဲ ၁၉ ရက်နေ့တွင်မှ CEO ဖြစ်သူ Kris Marszalek က officially အတည်ပြုပေးခဲ့တဲ့အတွက် ဝေဖန်ထောက်ပြမှုများစွာကိုလည်း ခံခဲ့ရပါတယ်။ 

Blog post အသစ်တွင်ရေးသားထားတဲ့ အချက်အလက်များအရ ခွင့်ပြုချက်မရှိပဲ ထုတ်ယူသွားခဲ့တဲ့ စုစုပေါင်းတန်ကြေးဟာ လက်ရှိ exchange rate များအရ 4,836.26 ETH (ကန်ဒေါ်လာ ၁၅.၂ သန်း) နှင့် 443.93 BTC (ကန်ဒေါ်လာ ၁၈.၆ သန်း) အသီးသီးတန်ကြေးရှိပြီး အခြားသော cryptocurrency များမှလည်း ကန်ဒေါ်လာ ၆၆,၂၀၀ တန်ကြေးဆုံးရှုံးမှုများရှိခဲ့တယ်လို့ သိရှိရပြီး Crypto.com ရဲ့ အဆိုအရ ထိခိုက်မှုရှိခဲ့တဲ့ အသုံးပြုသူများအားလုံးကို ၎င်းတို့ရဲ့ဆုံးရှုံးရမှုများအတွက် အပြည့်အဝပြန်လည်၍ အလျော်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။