Creator of Bored Ape Yacht Club buys CryptoPunks and Meebits

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.3.2022 | Bored Ape Yacht Club ရဲ့ ဖန်တီးသူများမှ CryptoPunks နှင့် Meebits တို့ကို လွှဲပြောင်းဝယ်ယူခဲ့ 

Bored Ape Yacht Club NFT ရဲ့ ဖန်တီးသူများဖြစ်တဲ့ Yuga Labs မှ CryptoPunks နှင့် Meebits တို့ကို Larva Labs ထံမှတဆင့် လွှဲပြောင်းဝယ်ယူမှုပြုလုပ်လိုက်ပြီဖြစ်တယ်လို့ မတ်လ ၁၁ ရက်နေ့က ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

CryptoPunks ဟာ NFT လောကတွင် သက်တမ်းအရှည်ဆုံးနဲ့ တန်ဖိုးအကြီးမားဆုံး brand တစ်ခုဖြစ်သလို Meebits ဟာလည်း ပြီးခဲ့တဲ့နှစ် မေလအတွင်းကစတင် launch ပြုလုပ်ခဲ့ပြီးနောက် တန်ဖိုးအကြီးဆုံး NFT collection များစာရင်းသို့ မြန်ဆန်စွာရောက်ရှိလာခဲ့တဲ့ brand တစ်ခုဖြစ်ပါတယ်။ 

ဒါ့အပြင် Yuga Labs ဟာ အဆိုပါဝယ်ယူမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ Larva Labs ထံမှ CryptoPunks NFT ၄၀၀ ကျော်နှင့် Meebits NFT ၁၇,၀၀၀ ကျော်ကိုလည်း လွှဲပြောင်းရရှိခဲ့တယ်လို့သိရှိရပြီး Yuga Labs မှ အဆိုပါလက်လွှဲရောင်းချမှုရဲ့ တန်ဖိုးအတိအကျကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။