COVID-19 Could Take Down the Internet

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.4.2020 | COVID-19 ဟာ အင်တာနက်လိုင်းများကျအောင်ပြုလုပ်နိုင်ပါတယ်။

ဒေတာများကို အဆုံးစွန်ထိတွန်းအားပေးနေခြင်း

အခြားသော လုပ်ငန်းနယ်ပယ်မှသူများရဲ့အမြင်မှာတော့ telecom infrastructure (တယ်လီကွန်လုပ်ငန်း/ အခြေခံအဆောက်အအုံ) တွေအပေါ် အန္တရာယ်ရှိလာနိုင်မှုဟာ သိပ်ပြင်းထန်မှာမဟုတ်ဘူးလို့ ထင်မြင်ကြ ပါတယ်။ သို့သော်လည်း အမေရိရဲ့အပြင်မှာရှိနေတဲ့ ကွန်ယက်ကြီးအချို့နဲ့ ဗွီဒီယို streaming လုပ်ငန်းဝန် ဆောင်မှုကုမ္ပဏီအချို့ဟာတော့ လိုင်းအသုံးပြုတဲ့ပမာဏ (traffic volume) ကိုလျှော့ချရန်နှင့် အင်တာနက် ကို ကောင်းမွန်စွာဝင်ရောက်အသုံးပြုနိုင်ရန်အတွက် အဆင့်များကိုစတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ထို တုန့်ပြန်မှုတွေဟာ အခြားနေရာများရှိအင်တာနက်လိုင်းများကောင်းမွန်မှုရှိနေစေဖို့အတွက်မေးခွန်းထုတ်စရာ အချက်များဖြစ်လာပါတယ်။ 

ဥပမာ - ဥရောပနိုင်ငံများ၊ အာရှနှင့် အိန္ဒိယနိုင်ငံများဟာ ဖြစ်ပွားလာနိုင်ဖွယ်ရာရှိတဲ့ အင်တာနက်ပြတ် တောက်မှုများကို ဖြစ်ပေါ်မလာစေရန်အတွက် ခြေလှမ်းများကိုစတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ Netflix, Google, Apple နှင့် Amazon တို့ဟာလည်း ဥရောပနိုင်ငံများတွင် ဒေတာသုံးစွဲမှုလျှော့ချနိုင်ရန် HD video streaming ကို ကန့်သတ်မှုများကို စတင်ပြုလုပ်လျှက်ရှိပါတယ်။ 

Video-streaming ဝန်ဆောင်မှုများဟာ သတင်းပေးပို့မှုများအရ၊ ကမ္ဘာတစ်ဝှမ်းအင်တာနက်အသုံးပြုမှုရဲ့ ၆၀% ရာခိုင်နှုန်းကျော်ခန့်ကို နေရာယူလျှက်ရှိပါသည်။ 

Netflix ရဲ့ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားချက်အရ Netflix ဟာ ဥရောပနိုင်ငံများတွင် သူတို့ရဲ့ stream များအားလုံးကို bit rate များလျှော့ချမှုအား ရက် ၃၀ ကြာပြုလုပ်သွားမှာဖြစ်ပါတယ်။ Netflix ဟာ ကမ္ဘာ တစ်လွှားရှိ online bandwidth အသုံးပြုမှုရဲ့ ၁၂% ကိုနေရာယူထားပါတယ်။ Google ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ YouTube ဟာ နေ့စဉ် ဗီဒီယိုများကိုကြည့်ရှုမှု နာရီပေါင်း ၁ဘီလျံခန့်ကို စီမံခန့်ခွဲမှုများပြုလုပ်နေရ ပါတယ်။ Google မှ EU နိုင်ငံများရှိ YouTube video streaming အားလုံးကို အခြေခံအနေနဲ့ standard definition သို့ ယာယီပြောင်းလဲခဲ့ပါတယ်။ 

Amazon ဟာလည်း ပိုမိုများပြားလာသည့် ကြည့်လိုအားများ/ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် သူ့ရဲ့ Prime Video ဝန်ဆောင်မှုကို အလားတူဖြေရှင်းမှုများပြုလုပ်ခဲ့ပါတယ်။ 

စီးပွားရေးလုပ်ငန်းအများစုဟာ အလုပ်သမားအင်အားရဲ့ ၁၀% နှင့် အိမ်မှအလုပ်လုပ်ခြင်းဖြင့် လည်ပတ်လုပ် ဆောင်နိုင်ရန် စီစဉ်မှုများပြုလုပ်ဆောင်ရွက်ကြပြီး အစိုးရ ရုံးဌာနများတွင်တော့ ၁% ထက်နည်းသောအင် အားဖြင့် လုပ်ဆောင်နိုင်ရန်စီစဉ်ထားကြပါသည်။ ၁၀၀% နီးနီးရှိသော အလုပ်သမားအင်အားတစ်ရပ်လုံး အဝေးမှအလုပ်လုပ်ခြင်းသို့ ရုတ်တရက်ပြောင်းလဲသွားမှုဟာ ရှိနေတဲ့ ကန့်သတ်ချက်ရှိသော VPN Terminal များအပေါ်တွင် လွန်စွာဝန်ပိစေကြောင်းကို Kilsby မှ ရှင်းပြခဲ့ပါတယ်။ 

သူတို့ရဲ့ နေ့စဉ်အလုပ်များလုပ်ဆောင်ရန်လိုအပ်သော application များကို လုံးဝရရှိနိုင်မှာမဟုတ်ပါဘူး။
ဒေတာလိုင်းငြိမ်သက်မှုများ ပြတ်တောက်ခြင်းဟာ ဝန်ဆောင်မှုများကို နှေးကွေးစေခြင်း (သို့) ရပ်တန့်သွား စေခြင်းတို့ကိုဖြစ်ပေါ်စေပါတယ်လို့လဲ သူကထပ်မံပြောကြားခဲ့ပါတယ်။ 

ထိုအရာက အချက်အလက်များမတည်ငြိမ်မှုကိုဖြစ်စေပါတယ်။ အလုပ်သမား (ဝန်ထမ်း) များဟာ သူတို့ အတွက် မရှိမဖြစ်လိုအပ်တဲ့စနစ်များသို့ ဝင်ရောက်နိုင်ခြင်းမရှိပါက လုပ်ငန်းဆက်လက်လည်ပတ်မှုဟာ ရပ်တန့်သွားမည်ဖြစ်ပြီး ထိုအခါတွင် လူတို့ (ဝန်ထမ်းများ) ဟာ လုပ်အားခများကိုရရှိတော့မှာမဟုတ်သလို၊ ကုန်ကြမ်းပစ္စည်းထောက်ပံ့သူများဟာလဲ ငွေပေးချေမှုရရှိတော့မှာမဟုတ်တဲ့အပြင် လုပ်ငန်းများအတွက် အရေးပါတဲ့ တွက်ချက်/ တွက်ဆမှုများဟာလည်း ဖြစ်လာတော့မှာမဟုတ်ပါဘူး။ ထိုသို့ဖြစ်ခြင်းက လုပ်ငန်း များအား ဝန်ဆောင်မှုများကိုနှေးကွေးရန်/ လျှော့ချရန် (သို့) အားလုံးကိုရပ်တန့်ပစ်ရန်မှတပါး အခြားရွေးချယ် စရာမရှိတော့တဲ့အခြေအနေကိုဖြစ်ပေါ်စေပါတယ်။ 


ကျွန်ုပ်တို့အားလုံးမှ အားကိုးအားထားပြုနေရတဲ့ လျှပ်စစ်/စွမ်းအင်၊ ရေ၊ အရေးပေါ်ဝန်ဆောင်မှုများနှင့် အစားအသောက်ကဲ့သို့သော လုပ်ငန်း/ အဖွဲ့အစည်းများတွင် ထိုကဲ့သို့ နှောင့် နှေးမှုများ/ ရပ်တန့်မှုများ ဖြစ်ပေါ်လာခဲ့ပါက အဆိုးရွားဆုံးအကျိုးဆက်များကိုဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းဆက် လက်လည်ပတ်နိုင်ရေး (business continuity) တွင် အနှောက်အယှက်မဖြစ်ပေါ်စေဖို့မှာအရေးကြီးပါတယ်။

လုပ်ငန်းများနှင့် အသုံးပြုသူများဟာ အင်တာနက် ဘယ်လောက်ပမာဏအထိ တည်ငြိမ်မှုရှိစေနိုင်မလဲဆိုတာ အပေါ်တာဝန်ရှိနေပါတယ်လို့ သူကထပ်မံပြောကြားခဲ့ပါတယ်။ များစွာသော streaming service အသစ်များ - NBC Universal’s Peacock, Warner Media’s HBO Max နှင့် Quibi တို့ဟာ ယခုနဲ့ မေလများအတွင်း ထွက်ရှိလာဖို့ ရှိနေပါတယ်။ ထိုအခါတွင် နောက်ဆုံးပေါ် အကြောင်းအရာများကို လွယ်ကူချောမွေ့စွာတင် ဆက်နိုင်စေဖို့အတွက် network များအပေါ်တွင် များစွာသောဖိအားများဖြစ်ပေါ်လာမှာ သေချာသလောက်ပါ ပဲ။ 

Unicode

 















သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။