Cisco Announces Intent to Acquire ThousandEyes

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.6.2020 | Cisco ဟာ ThousandEyes ဆိုတဲ့ network သတင်းအချက်အလက်ကုမ္ပဏီကို ဝယ်ယူလိုတယ်လို့ ကြေငြာခဲ့ပါတယ်။

Cisco ဟာ ThousandEyes ဆိုတဲ့ network သတင်းအချက်အလက်ကုမ္ပဏီကို ဝယ်ယူလိုတယ်လို့ ကြေငြာခဲ့ပါတယ်။ Cisco ရဲ့ network စွမ်းဆောင်ရည်များနဲ့ စောင့်ကြည့်မှုစွမ်းရည်များကို လုပ်ငန်း တစ်ရပ်လုံးနဲ့ Cloud ပေါ်သို့ပါဖြန့်ကျက်နိုင်ရန်အတွက် ၎င်းကုမ္ပဏီကိုဝယ်ယူလိုနေခြင်းဖြစ်ပါတယ်။ 

Cisco ရဲ့ network နဲ့ application တို့ရဲ့ စွမ်းဆောင်ရည်များတွင်ကျွမ်းကျင်မှုနဲ့ ThousandEyes ရဲ့ အင်တာနက်ပေါ်တွင် မြင်သာထင်သာရှိမှုတို့ကိုပေါင်းစပ်လိုက်ပါက သုံးစွဲသူများထံသို့ application များနဲ့ ဝန်ဆောင်မှုများကို digital နည်းစနစ်များနဲ့ အစမှအဆုံးထိ ဝန်ဆောင်မှုပေးနိုင်တော့မှာပဲဖြစ် ပါတယ်။ 

Application နှင့် network health တို့အတွက် Datasets များကို ဘုံသုံးစွဲနိုင်တဲ့ ကိရိယာများအနေ နဲ့ပြုလုပ်ဖို့နဲ့ မျှဝေဖို့အတွက်ပြုလုပ်ခြင်းဟာ Data စီးဆင်းမှုပြတ်တောက်ခြင်းများ (Silos) ကိုဖယ် ထုတ်နိုင်စေပြီး  IT အဖွဲ့များကို application ရဲ့စွမ်းဆောင်ရည်ကို အချိန်နဲ့တပြေးညီစောင့်ကြည့်နိုင် စေဖို့နဲ့ ပြဿနာများကို လျော့နည်းသွားစေရန်လုပ်ဆောင်ပေးနိုင်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း Cloud ပေါ်မှာသိမ်းဆည်းဖို့လုပ်ဆောင်ခြင်းနဲ့ SaaS application များကိုအသုံးပြုမှုတွင်ကျယ်လာမှုများနှင့် အင်တာနက်နှင့် network များအပေါ်မှီခိုအားထားရမှုများ အရှိန်မြှင့်ကာဖြစ်ပွားလာသည်နှင့်အမျှ၊ အင်တာနက်အပေါ်နှင့် အခြားသော Third-party infrastructure များအပေါ် မှီခိုအားထားမှုများဟာလည်း COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့ ပြီးခဲ့တဲ့လများအတွင်း ပိုမိုပြီးမြင့်မားလာခဲ့ပြီး ဒီအရာက IT team များရဲ့ operational behaviour အပေါ် ခန့်မှန်းဖို့၊ ရှုမြင်သုံးသပ်ဖို့နဲ့ ထိန်းချုပ်နိုင်မယ့်စွမ်းရည်ကို သိသိသာသာကို လျော့နည်းလာစေ ခဲ့ပါတယ်။ ရလာဒ်ကတော့ မကြာခဏဆိုသလိုပင် အစီအစဉ်မကျပဲ၊ စီမံ၍မရနိုင်တဲ့ IT ပတ်ဝန်း ကျင်တစ်ခုဖြစ်လာစေပြီး ၎င်းဟာ ပြဿနာများဖြေရှင်းခြင်းကို အချိန်ပေးရတဲ့အရာတစ်ခုဖြစ်စေ ပြီး customer experience, brand reputation နဲ့ ကုမ္ပဏီရဲ့ ဝင်ငွေအပေါ်ဆိုးရွားတဲ့ အကျိုးဆက် များကို ဖြစ်ပွားစေနိုင်ပါတယ်။ 

(Unicode)





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။