China launched “world’s first 6G” test-satellite

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.11.2020 | ကမ္ဘာ့ပထမဆုံး 6G test satellite ကို တရုတ်မှ လွှင့်တင်ခဲ့ 

BBC News သတင်းများအရ တရုတ်နိုင်ငံမှ “ကမ္ဘာ့ပထမဆုံး 6G satellite” ကို Shanxi ပြည်နယ်ရှိ Taiyuan Satellite Launch Center မှ အခြားသော Satellite ၁၂ ခုတို့နှင့်အတူ ကမ္ဘာ့ပတ်လမ်းအတွင်းသို့ အောင်မြင်စွာလွှင့်တင်နိုင်ခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ 

Telecom Industry အတွင်းတွင်တော့ 6G တွင်ရှိသင့်သောအချက်အများကို သဘောတူညီချက်မရရှိကြသေးတဲ့ အတွက် တရုတ်နိုင်ငံရဲ့ အဆိုပါနည်းပညာဟာ အဆုံးသတ်စံသတ်မှတ်ချက်များနဲ့ ကိုက်ညီမှုရှိနိုင်မလားဆိုတာကို တော့ သေချာစွာသိရှိရခြင်းမရှိသေးပါဘူး။ သို့သော်လည်း အဆိုပါနည်းပညာတွင် high-frequency terahertz လှိုင်းများကိုအသုံးပြုထားပြီး 5G တွင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့မြန်နှုန်းထက် များစွာသာလွန်သော data-transmission speeds များကို ရရှိနိုင်ရန် ပြုလုပ်ထားပါတယ်။ 

အဆိုပါ satellite တွင် ကောက်ပဲသီးနှံပျက်စီးမှုများကိုစောင့်ကြည့်နိုင်သော နည်းပညာနှင့် တောမီးလောင်ခြင်းမှ ကာကွယ်နိုင်မည့်နည်းပညာများကိုလည်း သယ်ဆောင်ထားလျှက်ရှိသည်ဟူ၍ BBC News အရ သိရှိခဲ့ရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။