Chief Operating Officer of Meta resigns after 14 years

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.6.2022 | Meta ရဲ့ Chief Operating Officer မှ ၁၄ နှစ်ကြာ လက်တွဲလုပ်ကိုင်ခဲ့ပြီးနောက် ရာထူးမှနှုတ်ထွက်ခဲ့ 

Facebook ရဲ့ ပင်ရင်းကုမ္ပဏီ Meta တွင် Chief Operating Officer အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Sheryl Sandberg က သူမဟာ ၁၄ နှစ်ကြာ Facebook တွင် လုပ်ကိုင်ခဲ့ပြီးနောက် နှုတ်ထွက်စာတင်ခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။ 

Ms Sandberg က သူမရဲ့ကုမ္ပဏီမှ ထွက်ခွာရခြင်းအကြောင်းကို Facebook post တစ်ခုပေါ်တွင် ရေးသားထားခဲ့ပြီး သူမအနေနဲ့ လာမည့်အနာဂါတ်တွင် သူမတည်ထောင်ထားတဲ့ Foundation တစ်ခုကိုသာ အာရုံစိုက်ကာ ဦးဆောင်သွားမှာဖြစ်ပြီး အများအကျိုးပြုလုပ်ငန်းများကို လုပ်ကိုင်သွားဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ 

“၂၀၀၈ ခုနှစ်တွင် ကျမဒီအလုပ်သို့ စတင်ဝင်ရောက်ခဲ့စဉ်က ကျမအနေနဲ့ ဒီရာထူးနဲ့ အလုပ်လုပ်နိုင်ဖို့ ၅ နှစ်လောက် မျှော်လင့်ခဲ့ဖူးပါတယ်” “၁၄ နှစ်အကြာမှာတော့ ဒါဟာကျမအတွက် နောက်ထပ်ဘဝစာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်ရမယ့်အချိန်ရောက်ပါပြီ” လို့ Ms Sandberg က ရေးသားခဲ့ပါတယ်။ လက်ရှိ Meta ရဲ့ chief growth officer အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသော Javier Olivan ကတော့ Ms Sandberg ကုမ္ပဏီမှထွက်ခွာသွားတဲ့အခါ သူမရဲ့နေရာကို အစားထိုးဆက်ခံသွားမှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။