celebrities’  accounts are hacked and used for Bitcoin scams

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.7.2020 | ထင်ပေါ်ကျော်ကြားသူများရဲ့ အကောင့်များ Hack ခံခဲ့ရပြီး Bitcoin လိမ်လည်မှုများဖြစ်ပွားခဲ့ 

Elon Musk, Bill Gates, Jeff Bezos နဲ့ Joe Biden ကဲ့သို့သော ချမ်းသာကြွယ်ဝပြီး ကျော်ကြားသူများရဲ့ Twitter အကောင့်များဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Hijack ပြုလုပ်ခံခဲ့ရပြီးနောက် cryptocurrency လိမ်လည်မှုများ ဖြစ်ပွားခဲ့ပါတယ်။ 

လိမ်လည်ခံခဲ့ရသူများထံမှ cryptocurrency များကိုရယူနိုင်ရန်အသုံးပြုခဲ့သည့် wallet address တစ်ခုဟာ အမေရိကန်ဒေါ်လာ ၁၁၈၀၀၀ခန့်ကို ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ က ၄နာရီအချိန်အတွင်း ရရှိခဲ့ပါတယ်။ 

ယခုအခါတွင်ဖျက်လိုက်ပြီဖြစ်သော Elon Musk ရဲ့ twitter account မှ ပြောဆိုခဲ့သည်မှာ “ကျွန်တော့်ရဲ့ follower များကိုကျွန်တော့်အနေနဲ့ ကျေးဇူးပြန်ဆပ်ခြင်းဖြစ်ပါတယ်။ အောက်ပါ Bitcoin address သို့ ပေးပို့လာ မယ့် payment များအားလုံးကို ၂ ဆ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ ခင်ဗျားတို့အနေနဲ့ 0.1 BTC ကျွန်တော့်ဆီပို့ပေးရင် ကျွန်တော်က ခင်ဗျားတို့ဆီကို 0.2 BTC ပြန်လည်ပို့ပေးသွားမှာပါ။” ဟုရေးသားထားခဲ့ပါ တယ်။ Bezos ရဲ့အကောင့်တွင်လည်းထို့နည်းတူပဲရေးသားထားပါတယ်။ Bill Gate ရဲ့ tweet တွင်တော့ “လူတိုင်း က ကျွန်တော့်ကို တစ်ခုခုပြန်ပေးဖို့တောင်းဆိုနေခဲ့ပါတယ်။ ယခုအခါ အချိန်ကျပြီဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ BTC address ကို ပေးပို့လာမယ့် လာမယ့်မိနစ် ၃၀ အတွင်းက payment များကို ၂ ဆ ပြန်လည်ပေးအပ်သွားမှာဖြစ် ပါတယ်၊ သင်က ဒေါ်လာ ၁၀၀၀ ဖိုးပို့လိုက်ရင် ကျွန်တော်က သင့်ကို ဒေါ်လာ ၂၀၀၀ ပြန်ပို့ပေးမှာဖြစ်ပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

အခြားသော Hack ခံရသည့်အကောင့်များတွင် Barak Obama, Mike Bloomberg, Apple, Kanye West, Kim Kardashian West, Wiz Khalifa, Warren Buffett, YouTube ဆယ်လီတစ်ဦးဖြစ်သူ MrBeast, Wendy’s, Uber, CashApp နဲ့ အခြားသော cryptocurrency စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပါဝင်ခဲ့ပါတယ်။

(Unicode)

Elon Musk, Bill Gates, Jeff Bezos နဲ့ Joe Biden ကဲ့သို့သော ခမြျးသာကွှယျဝပွီး ကြောျကွားသူမြားရဲ့ Twitter အကောင့ျမြားဟာ ပွီးခဲ့တဲ့ ဗုဒ်ဓဟူးနေ့က Hijack ပွုလုပျခံခဲ့ရပွီးနောကျ cryptocurrency လိမျလညျမှုမြား ဖွဈပှားခဲ့ပါတယျ။ 



 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။