BlackBerry 5G handset will come out on first half of 2021

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.8.2020 | BlackBerry 5G ဖုန်း ၂၀၂၁ အစောပိုင်းတွင်ထွက်မည်

၂၀၂၁ ခုနှစ်ရဲ့ ပထမနှစ်ဝက်မတိုင်မှီ BlackBerry တံဆိပ် စမတ်ဖုန်းအသစ်တစ်လုံးကိုထုတ်လုပ်နိုင်ဖို့အတွက် BlackBerry, FIH Mobile နှင့် OnwardMobility တို့ဟာ သဘောတူညီမှုတစ်ရပ်ကို ပြီးခဲ့တဲ့အပတ်အတွင်းက ရေးထိုးခဲ့ပါတယ်။ 

ဒီ handset အသစ်ဟာ 5G ကွန်ယက်ကိုအထောက်အပံ့ပြုနိုင်မှာဖြစ်ပြီး BlackBerry ရဲ့ trademark အတိုင်း physical keyboard ပါဝင်ကာ၊ ထိပ်တန်းလုံခြုံမှုစနစ်များနဲ့ အစိုးရအဖွဲ့အစည်းများနဲ့ လုပ်ငန်းကြီးများအတွက် တစ်မူထူးခြားတဲ့လုပ်ဆောင်ချက်များလည်းပါဝင်လာဦးမှာပဲဖြစ်ပါတယ်။ 

အဆိုပါသဘောတူညီချက်ရဲ့ စည်းကမ်းချက်များအရ၊ OnwardMobility က ထွက်ရှိလာမယ့် 5G BlackBerry စမတ်ဖုန်းကို စီမံရောင်းချဖို့တာဝန်ရှိမှာဖြစ်ပြီး၊ FIH Mobile ကတော့ အဆိုပါ device ကိုတီထွင်ထုတ်လုပ်ဖို့ တာဝန်ရှိမှာဖြစ်ကာ BlackBerry ကတော့ လုပ်ငန်းကြီးများနဲ့ အစိုးရအဆင့် လုံခြုံရေးနည်းပညာများကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ရလာဒ်အဖြစ်ရရှိလာတဲ့ထုတ်ကုန်ကို မြောက်အမေရိကတိုက်နဲ့ ဥရောပတိုက် များတွင် ရရှိနိုင်မှာဖြစ်ကာ ဈေးနှုန်းမှာ ဗြိတိန်ပေါင် ၅၀၀ မှ ပေါင် ၈၀၀ အကြားရှိနိုင်ပါတယ်။ 
 

(Unicode)



 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။