Bitcoin prices dropped to an all-time low after U.S Federal remarks

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.1.2022 | U.S Federal အစိုးရမှပြုလုပ်ခဲ့တဲ့ မှတ်ချက်များအပြီးတွင် Bitcoin ဈေးနှုန်းများ ကျဆင်းလာခဲ့ 

Bitcoin ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် အမေရိကန်နိုင်ငံရဲ့ ငွေကြေးဆိုင်ရာပေါ်လစီများတင်းကြပ်လိုက်မှုများနှင့် ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး bitcoin mining hub တစ်ခုဖြစ်တဲ့ Kazakhstan ပြည်နယ်တွင် internet ပြတ်တောက်မှုများကြောင့် ၃ လအတွင်း အနည်းဆုံးဈေးနှုန်းသို့ ရောက်ရှိကျဆင်းသွားခဲ့ပါတယ်။ 

Bitcoin ရဲ့ ဈေးနှုန်းများဟာ ကန်ဒေါ်လာ ၄၁,၀၀၀ အောက်သို့ကျဆင်းသွားခဲ့ပြီး သောကြာနေ့မနက် ၁၀နာရီ ၅၀ မိနစ်တွင် ကန်ဒေါ်လာ ၄၀,၇၄၉.၉၀ သို့ ရောက်ရှိသွားခဲ့ပြီး ဒါဟာ စက်တင်ဘာလ ၂၉ ရက်နေ့မှ ယနေ့တိုင်အထိ အနည်းဆုံးဈေးနှုန်းသို့ရောက်ရှိသွားခဲ့တာဖြစ်တယ်လို့ Coin Metrics မှ အချက်အလက်များအရသိရှိရပါတယ်။ 

ထိုအဖြစ်အပျက်များမတိုင်မှီက Bitcoin ကို ကန်ဒေါ်လာ ၄၁,၉၄၇.၇၅ ဖြင့် ရောင်းဝယ်မှုများကိုပြုလုပ်နေခဲ့တာဖြစ်သော်လည်း အမေရိကန် Federal Reserve ဌာနရဲ့ ဒီဇင်ဘာလ အစည်းအဝေးအပြီး မိနစ်အနည်းငယ်အကြာတွင် Bitcoin ရဲ့နှုန်းထားများ ကျဆင်းလာခဲ့တာဖြစ်ပြီး အခြားသော cryptocurrency များဖြစ်တဲ့ Ethereum ဟာ ၆.၈ ရာခိုင်နှုန်း၊ Solana ကတော့ ၇.၇ ရာခိုင်နှုန်း အသီးသီး တန်ကြေးကျဆင်းမှုများဖြစ်ပေါ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။