Big Tech Companies “estimates” ongoing chip shortage to last a couple of years

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.4.2021 | နည်းပညာကုမ္ပဏီကြီးများရဲ့ ခန့်မှန်းချက်အရ Chip ပြားများလုံလောက်စွာ ထုတ်လုပ်နိုင်မှုမရှိခြင်းဟာ နှစ်ပေါင်းအတန်ကြာ ဆက်လက်ဖြစ်ပွားနိုင်ချေရှိနေ။

ဧပြီလ ၁၅ ရက်နေ့တွင် နည်းပညာကုမ္ပဏီများ၏ အကြီးအကဲအချို့မှ လက်ရှိဖြစ်ပွားနေတဲ့ Chip ထုတ်လုပ်ရေး ကုန်ကြမ်းများ မလုံလောက်မှုပြဿနာဟာ ကမ္ဘာတစ်လွှားတွင် မည်မျှ ကြာကြာဆက်ဖြစ်နေဦးမလဲဆိုတာနဲ့ပတ်သက်ပြီး သူတို့ရဲ့ထင်မြင်ယူဆချက်များကို ပြောဆိုခဲ့ကြပြီး ပြောကြားချက်များအရ အဆိုပါပြဿနာဟာ နှစ်အတန်ကြာအထိ ဆက်လက်ဖြစ်ပွားနေနိုင်ပါသေးတယ်။ 

TSMC ရဲ့ CEO ဖြစ်သူ C. C. Wei မှ ပြီးခဲ့တဲ့ကြာသပတေးနေ့တွင် ရင်းနှီးမြှုပ်နှံသူများထံသို့ အဆိုးဆုံးဖြစ်လာနိုင်ချေများကို အသိပေးပြောကြားခဲ့ပြီး ကုမ္ပဏီအနေနဲ့တော့ ၂၀၂၃ ခုနှစ်အထိ လက်လီရောင်းချခြင်းနှင့် ကုန်ထုတ်လုပ်မှုများအတွက် လိုအပ်ချက်များကိုပြည့်မှီအောင်ဆောင်ရွက်နိုင်စေရေးအတွက် အင်အားဖြည့်တင်းသွားဖို့ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ Bloomberg မှ သတင်းများအရ TSMC ဟာ သူတို့ရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးစက်ရုံတစ်ခုကိုလည်း Arizona တွင် တည်ဆောက်ရန်စိုင်းပြင်းလျှက်ရှိနေပြီး “အမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့်” ကုန်ကျမှုရှိလာနိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။ 

Intel မှလည်း Arizona ပြည်နယ်တွင် သူတို့ရဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ တန် စီမံကိန်းတစ်ရပ်အနေဖြင့် Arizona ပြည်နယ်တွင် စက်ရုံအချို့ကို တည်ဆောက်လျှက်ရှိနေပြီး အမေရိကန်နိုင်ငံသမ္မတ Joe Biden ဟာလည်း နိုင်ငံအတွက် ဘီလျံ ၅၀ တန် Chip ထုတ်လုပ်ရေးအခြေခံ infrastructure စီမံကိန်းအား အကောင်အထည်ဖော်နိုင်ရန် ပြုလုပ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။