Best email apps for iPhones

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.9.2020 | iPhone များအတွက် အကောင်းဆုံး email app များ

ဒီနေ့မှာတော့ ကျွန်တော်တို့က iPhone များပေါ်တွင်အသုံးပြုနိုင်မယ့် အကောင်းဆုံး email app (၈) မျိုးအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ Apple Mail

Apple ရဲ့ iPhone တိုင်းမှာ default အနေနဲ့ ပါဝင်လာမယ့် Apple Mail ဟာ သာမန် e-mail အသုံးပြုသူများ အတွက်တော့ အကောင်းဆုံး app တစ်ခုဖြစ်သော်လည်း သူ့ထံတွင် snooze, quick replies နဲ့ အခြားသော feature များ ဟာတော့ ပါဝင်လာမှာမဟုတ်ပါဘူး။ 

၂၊ Outlook

PC နဲ့ Mac ပေါ်မှာ အသုံးပြုရမယ့် Outlook နဲ့ iPhone ပေါ်က Outlook app ဟာ ဆီနဲ့ရေ ဆိုသလိုပါပဲ။ iPhone ပေါ်က Outlook app က ပိုပြီး အရောင်အသွေးစုံလင်လှသလို ပိုပြီးလည်း လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၃။ Spike

Spike က တော့ Facebook Messenger လိုမျိုး စာတိုပေးပို့မှုပုံစံနဲ့ email များကို တွေ့မြင်ရစေနိုင်တဲ့ app တစ်ခုပဲဖြစ်ပါတယ်။ ဒီ app က Header များ၊ signature များနဲ့ အခြားမလိုအပ်တဲ့အရာများကို ဖယ်ရှားပေး လိုက်တဲ့အတွက် email များကို ပြန်လည်ဖတ်ရှုရာတွင် ပိုပြီး မြန်ဆန်စေမှာပဲဖြစ်ပါတယ်။

၄။ Airmail

Airmail ဟာလည်း major email account များဖြစ်တဲ့ iCloud, Exchange, Outlook, Google, Yahoo, IMAP, အစရှိတဲ့ အကောင့်များကို support ပေးနိုင်တဲ့အတွက် iPhone အတွက် သင့်တော်တဲ့ email app တစ်ခုဖြစ်ပါတယ်။

၅။ Spark

Spark ဟာလည်း feature များအစုံအလင်ပါဝင်တဲ့အတွက် iPhone များအတွက် သင့်တော်တဲ့ email app တစ်ခုဖြစ်ပါတယ်။

၆။ Edison Mail

Edison Mail ကတော့ အလွန်လျှင်မြန်သွက်လက်မှုရှိပြီး သင့်ရဲ့ email များကို အလိုအလျှောက် sort လုပ်ပေးနိုင်တဲ့ assistant feature လည်းပါဝင်ပါတယ်။

၇။ Twobird

Two bird ဟာလည်း spike ကဲ့သို့ မလိုအပ်တဲ့အရာတွေကိုဖယ်ရှားပေးပြီး email များကို ပိုမိုရှင်းလင်းသောပုံစံ နဲ့ ပြသပေးနိုင်တဲ့ app ကောင်းတစ်ခုဖြစ်ပါတယ်။

၈။ Hey

Hey ကိုအသုံးပြုမယ်ဆိုရင်တော့ တစ်နှစ်စာ subscription ခ 99$/ year ကျသင့်မှာဖြစ်သော်လည်း ပေးရတာနဲ့ အလွန်တန်တဲ့ လုပ်ဆောင်ချက်အစုံအလင်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။