Belgium Police Officers Warned Android Users About The New Joker Malware

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.9.2021 | Joker Malware အသစ် တွေ့ရှိမှုအကြောင်း Belgium မှ ရဲအရာရှိများက Android အသုံးပြုသူများကို သတိပေးခဲ့ 

Belgium နိုင်ငံရှိ ရဲအရာရှိများဟာ အန္တရာယ်ရှိတဲ့ Joker Malware ကို Google Playstore ပေါ်ရှိ ရေပန်းစားနေတဲ့ App (၈) ခုတွင် တွေ့ရှိခဲ့တဲ့အတွက် Android smartphone များနဲ့ Tablet အသုံးပြုသူများကို သူတို့ရဲ့ device များအား စစ်ဆေးကြည့်ဖို့ တိုက်တွန်းလျှက်ရှိနေပါတယ်။ ယခုအခါ Google မှ အဆိုပါ app များကို PlayStore ပေါ်မှ ဖယ်ရှားလိုက်ပြီးဖြစ်သော်လည်း အဆိုပါ app များကို install ပြုလုပ်မိထားပါက အသုံးပြုသူများအနေနဲ့ ကိုယ်တိုင် uninstall ပြုလုပ်၍ ဖယ်ရှားပေးဖို့ လိုအပ်နိုင်ပါတယ်။ 

အဆိုပါ app များကို install ပြုလုပ်လိုက်မိတဲ့အခါ ပါဝင်လာမည့် Joker malware ဟာ text message များ၊ contact များနဲ့ အခြားသော ကိုယ်ရေးအချက်အလက်များကို smartphone များပေါ်တွင် ဝင်ရောက်ကြည့်ရှုနိုင်စွမ်းရှိနေပြီး ထို့နောက် ဈေးကြီးတဲ့လစဉ် subscription ပေးချေရတဲ့ plan များထံသို့ အသုံးပြုသူများကို အလိုအလျှောက် subscribe ပြုလုပ်ပေးနိုင်စွမ်းရှိနေပါတယ်။ 

ဒီ app များကို စာဖတ်သူတို့လည်း install ပြုလုပ်မိထားသလားဆိုတာကို စစ်ဆေးကြည့်နိုင်ဖို့အတွက် Google မှ ဖယ်ရှားခဲ့တဲ့ app (၈) ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ် - 

• Auxiliary Message
• Element Scanner
• Fast Magic SMS
• Free CamScanner
• Go Messages
• Super Message
• Great SMS
• Travel Wallpapers
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။