Behance is showing support for Polygon-based NFTs.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.3.2022 | Behance မှ Polygon ကို အခြေခံထားသော NFT များကို support ပေးနိုင်ရန် ပြုလုပ်ပေးခဲ့ 

Adobe ရဲ့ social network ဖြစ်တဲ့ Behance ဟာ Polygon cryptocurrency platform ကို support ပြုလုပ်နိုင်ဖို့ လုပ်ဆောင်ချက်အသစ်ကိုထည့်သွင်းပေးခဲ့ပါတယ်။ ယခုအခါတွင် အသုံးပြုသူများအနေနဲ့ Polygon-based NFTs များကို လွယ်ကူစွာ showcase ပြုလုပ်၍ ပြသထားနိုင်တော့မှာဖြစ်ပါတယ်။ 

Adobe ဟာ Polygon integration ကို artist များအနေနဲ့ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေပဲ NFT များကို ဖန်တီးနိုင်စေမည့်နည်းလမ်းတစ်ခုအဖြစ်  ထောက်ခံအားပေးခဲ့ပြီး Behance မှတဆင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းတွင် support စတင်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ယခုအခါ artist များအနေဖြင့် ဒီလုပ်ဆောင်ချက်ကို အသုံးပြု၍ Polygon နှင့် ချိတ်ဆက်ထားသော NFT များကို လူသိများသော OpenSea ဈေးကွက်တွင် ပြသရောင်းချမှုများကိုပြုလုပ်နိုင်မှာဖြစ်ပြီး ၎င်းတို့ရဲ့ ပုံရိပ်များကို Behance ပေါ်တွင် ဖော်ပြထားနိုင်မှာဖြစ်ကာ စိတ်ဝင်စားသူများကို ဝယ်ယူနိုင်စေရန် OpenSea သို့ ပြန်လည်၍ direct ပြုလုပ်ပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Adobe ဟာ NFT support ကို ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် Content Credentials လို့အမည်ပေးထားတဲ့ အစီအစဉ်တစ်ခုဖြင့် စတင်၍ support ပြလုပ်ပေးခဲ့တာဖြစ်ပြီး အဆိုပါအစီအစဉ်ဟာ creator များရဲ့ အသေးစိတ်ချက်အလက်များကို Photoshop အတွင်းရှိ NFT ပုံရိပ်ဖြင့် link လုပ်ပေးနိုင်တဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။