Australian government Charge against Google

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.8.2020 | ဩစတေးလျအစိုးရ၏ Google အပေါ်စွဲချက်များ 

ဒါဟာ တစ်နှစ်အတွင်း Google အပေါ် ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာအကြောင်းအရာများနှင့် စပ်လျှင်း၍ ဩစတေးလျအစိုးရမှ ဒုတိယအကြိမ် တရားစွဲဆိုမှုတစ်ရပ်ဖြစ်ပါတယ်။ ဒီတစ်ကြိမ်တွင်တော့ သူတို့က အဆိုပါနည်းပညာကုမ္ပဏီကြီးဟာ ဩစတေးလျနိုင်ငံသား Customer များ၏အချက်အလက်များကို targeted ads များအတွက် စုဆောင်းရယူနိုင်ရန် တမင်တကာပြုလုပ်ခဲ့တယ်ဟုဆိုပါတယ်။ 

ဩစတေးလျနိုင်ငံ ယှဉ်ပြိုင်မှုနှင့် စားသုံးသူများ ကော်မရှင် (ACCC) ၏ပြောဆိုချက်အရ Google ဟာ သူတို့ရဲ့ Customer များထံမှ သဘောတူညီချက်မပါပဲ ထိုသူများရဲ့ကိုယ်ရေးအချက်အလက်များကိုရယူခဲ့တယ်ဟုပြောဆိုခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က Google ၏ ပေါ်လစီများပြောင်းလဲသွားရာတွင် ကုမ္ပဏီသည် Google အကောင့်ပိုင်ရှင် များ၏ Google ကုမ္ပဏီပိုင်မဟုတ်သော site များတွင်ဆောင်ရွက်ချက် (activity) များကို စတင်ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ယခင်က အဆိုပါဒေတာများဟာ ad ဝန်ဆောင်မှု နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော DoubleClick မှ ၂၀၀၈ ခုနှစ်တွင်စုဆောင်းခဲ့တာဖြစ်ပြီး ထိုအရာများကို ယခင်က သီးသန့်သိမ်းဆည်းထားခဲ့တာဖြစ်ကာ အသုံးပြုသူများရဲ့ အကောင့်များနဲ့ ချိတ်ဆက်ထားတာမဟုတ်ပါဘူး။ Google ဟာ DoubleClick ကို ၂၀၀၈ ခုနှစ်တွင် ရရှိခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သော Google ၏ ပေါ်လစီအပြောင်းအလဲကြောင့် Google နှင့် Double Click ကိုသုံးစွဲသူများရဲ့ဒေတာများကို ပေါင်းစည်းလိုက်နိုင်တာဖြစ်ပါတယ်။ ထို့နောက် Google ဟာ အဆိုပါ ပေါင်းစည်းထားတဲ့ဒေတာများကိုအသုံးပြုပြီး target advertising များကို ပိုမိုရောင်းချနိုင်စေရန်အတွက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Google ကတော့ သူတို့ဟာ ACCC ရဲ့ စွဲဆိုချက်တွေကို သဘောမတူကြောင်းနဲ့ “Google အကောင့်ပိုင်ဆိုင်သူများထံသို့ နားလည်ရလွယ်ကူသော အသိပေးချက်များနှင့်အတူ ထိုသူတို့ရဲ့ခွင့်ပြုချက်ကို တောင်းခံခဲ့ပါတယ်” ဟူ၍  Associated Press သို့ ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း Google ဟာ Android ဖုန်းအသုံးပြုသူများကို ဖုန်းများနှင့် tablet များတွင် တည်နေရာခြေရာခံခြင်းကို ပိတ်ထားနိုင်သည်ဟူသည့်အချက်နှင့် ပတ်သက်၍လည်း လှည့်စားပြောဆိုခဲ့သည်ဟုဆို ကာ ဩစတေးလျအစိုးရမှ တရားစွဲဆိုခဲ့သေးသည်ဟူ၍ သိရှိခဲ့ရပါတယ်။ 

(Uni) 


 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။