Asus announces new Xbox controller with tri-mode connectivity and a built-in OLED display

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.1.2023 | Asus မှ tri-mode connectivity နှင့် built-in OLED display ပါဝင်သော Xbox controller အသစ်တစ်ခုကို ထုတ်လုပ်သွားရန်ရှိကြောင်း ကြေငြာ 

Asus မှ ၂၀၂၃ ခုနှစ် နှောင်းပိုင်းခန့်တွင် built-in OLED display ပါဝင်ပြီး PC အတွက် connectivity option များပါဝင်လာမည့် Xbox PC controller အသစ်တစ်မျိုးကို ထုတ်လုပ်သွားရန်ရှိကြောင်း ကြေငြာမှုပြုလုပ်လိုက်ပါတယ်။ 

ROG Raikiri Pro လို့အမည်ပေးထားတဲ့ အဆိုပါ Xbox controller တွင် ၁.၃လက်မ အရွယ်အစားရှိ OLED display တစ်ခုကို Xbox ခလုတ်ရဲ့အပေါ်တွင် ထည့်သွင်းပေးသွားမှာဖြစ်ပြီး အဆိုပါ display မှ custom animation များ၊ ဘက်ထရီအခြေအနေ၊ microphone ချိတ်ဆက်မှုအခြေအနေ အစရှိသည်တို့ကို ပြသနိုင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါ OLED display တွင် 128x40 resolution သာပါဝင်မှာဖြစ်သော်လည်း ၎င်းကို ဂိမ်းများကစားနေစဉ်အတွင်း profile များပြောင်းလဲရန်နှင့် microphone ချိတ်ဆက်မှုအခြေအနေ၊ charging အခြေအနေ၊ Bluetooth ချိတ်ဆက်မှုနှင့် လှုပ်ရှားပြောင်းလဲနေမည့် စာသားများ/ animated wallpaper များအတွက်သာအသုံးပြုရမှာဖြစ်တဲ့အတွက် ဒါဟာ လုံလောက်မှုရှိလိမ့်မယ်လို့တော့ ယူဆရပါတယ်။ 

ဒီ controller ဟာ tri-mode connectivity ပါဝင်လာတဲ့ ပထမဆုံး Xbox-licensed controller တစ်ခုလဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ Bluetooth, low-latency 2.4GHz RF mode နှင့် wired USB-C အစရှိတဲ့ပုံစံ (၃) မျိုးစလုံးနဲ့ချိတ်ဆက်ပြီး အဆိုပါ controller ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ controller ရဲ့ ဒီဇိုင်းပိုင်းအရ Xbox brand မှထုတ်လုပ်ထားတဲ့ controller များအတိုင်း ပုံစံယူထုတ်လုပ်ထားတာဖြစ်သော်လည်း Asus ကတော့ Raikiri Pro ကို pro PC controller အဖြစ် ဖော်ပြထားပြီး Xbox Series X/ S console များသို့ wired USB-C မှတဆင့် ချိတ်ဆက်အသုံးပြုနိုင်ကြောင်းကိုသာ ဖော်ပြထားတဲ့အတွက် များစွာသော pro လုပ်ဆောင်ချက်များဟာ PC နှင့်ချိတ်ဆက်၍အသုံးပြုချိန်မှသာ အပြည့်အဝလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါလိမ့်မယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။