Arm will cut hundreds of jobs after Nvidia deal falls through

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.3.2022 | Nvidia သို့ရောင်းချရန် သဘောတူညီချက် ပျက်ပြားသွားသောကြောင့် Arm မှ ရာပေါင်းများစွာသော အလုပ်အကိုင်များကိုလျှော့ချသွားရန်ရှိနေ

ပြီးခဲ့တဲ့လအတွင်း Nvidia သို့ Arm ကို ကန်ဒေါ်လာ ဘီလျံ ၄၀ ဖြင့်ရောင်းချမည့်အစီအစဉ်အား ဖျက်သိမ်းခဲ့ရပြီးနောက် Arm မှ ၎င်းတို့ရဲ့ကမ္ဘာတစ်ဝှမ်းရှိ ဝန်ထမ်းဦးရေအား ရာပေါင်းများစွာလျှော့ချရန်အတွက် ပြင်ဆင်လျှက်ရှိနေပါတယ်။

The Telegraph မှ သတင်းတစ်ပုဒ်အရ အဆိုပါဝန်ထမ်းလျှော့ချခြင်းဟာ ကုမ္ပဏီရှိ ဝန်ထမ်းများရဲ့ ၁၂ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိကို သက်ရောက်မှုရှိလာနိုင်ကြောင်း ကုမ္ပဏီရဲ့ chief executive Rene Haas က ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ဝန်ထမ်းများကို အသိပေးပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

Arm ဟာ ကမ္ဘာတစ်ဝှမ်းတွင် ဝန်ထမ်းဦးရေ ၆၅၀၀ ခန့်အပ်ထားတာဖြစ်တဲ့အတွက် ထိုသို့ဝန်ထမ်းလျှော့ချမှု ပြုလုပ်လိုက်ခြင်းဟာ ဝန်ထမ်းဦးရေ ၁၀၀၀ ခန့်အပေါ် ထိခိုက်မှုရှိလာနိုင်ပြီး အများစုကတော့ UK နှင့် အမေရိကတွင် နေထိုင်လျှက်ရှိသော ဝန်ထမ်းများရဲ့ ရာထူးနေရာများဖြစ်တယ်လို့ Arm ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။