Apple's value has exceeded $ 1.5 trillion

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.6.2020 | Apple ကုမ္ပဏီရဲ့တန်ကြေးဟာ ၁.၅ ထရီလီယံဒေါ်လာထက်ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

Apple ဟာ သမိုင်းတစ်လျှောက် ဈေးကွက်တန်ကြေး ဒေါ်လာ ၁.၅ ထရီလီယံရှိတဲ့ ပထမဦးဆုံး အမေရိကန်ကုမ္ပဏီဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က စတော့ရှယ်ယာဈေးများတက်လာ ပြီးနောက်တွင် ထိုသို့မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။ 

ဈေးကွက်တန်ကြေးဆိုသည်မှာ joint stock ကုမ္ပဏီတစ်ခုနဲ့ သူတို့မှထုတ်ပြန်ထားတဲ့ရှယ်ယာများ အားလုံးရဲ့စုစုပေါင်းဈေးကွက်တန်ဖိုးတစ်ခုကိုဖော်ပြနေသောအရာဖြစ်ပြီး ဒီအညွှန်းကိန်းက Apple ဟာ ၁.၅ ထရီလီယံဒေါ်လာပမာဏတန်ကြေးရှိတယ်ဆိုတဲ့ မှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်တဲ့ ပထမဦး ဆုံးအမေရိကန်ကုမ္ပဏီဖြစ်လာတာကိုပြသနေပါတယ်။ 

လက်ရှိကာလတွင် ရှယ်ယာတစ်ခုရဲ့တန်ကြေးဟာ ဒေါ်လာ 352 ကျပ်တန်ကြေးရှိနေပြီး စုစုပေါင်း 4.3 ဘီလျံပမာဏရှိသော ရှယ်ယာများဟာ ရှယ်ယာရှင်များထံတွင်ရှိနေပါတယ်။ ဇန်နဝါရီလကုန် တွင် အဆိုပါကုမ္ပဏီဟာ ရှယ်ယာတစ်ခုချင်းစီအတွက်အမြင့်ဆုံးဈေးကိုရရှိခဲ့ပြီးနောက် မကြာမှီတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားလာခဲ့ကာ ရှယ်ယာတန်ဖိုးများ ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ သို့သော်လည်း Apple ဟာ အဆိုပါအခြေအနေဆိုးအလွန်တွင် မြန်ဆန်စွာပြန်လည်နိုးထလာခဲ့ပြီး ၎င်းတို့ရဲ့ ရှယ်ယာတန်ဖိုးများမှာ ယခင်တစ်ခေါက်ကထက်ပိုမိုမြင့်မားလာခဲ့ပြီးဆက်လက်တိုးတက် လျှက်ရှိနေပါတယ်။ ဒီကုမ္ပဏီကြီးရဲ့တန်ဖိုးဟာ ၁ ထရီလီယံပမာဏကိုရောက်ရှိခဲ့ပြီး ၂နှစ်အတွင်း ၁.၅ ထရီလီယံပမာဏသို့ရောက်ရှိခဲ့တာဖြစ်ပြီး ကျွမ်းကျင်သူများရဲ့ခန့်မှန်းချက်အရ အဆိုပါကုမ္ပဏီ ဟာ နောက်ထပ် ၄နှစ်အတွင်း ၂ ထရီလီယံဒေါ်လာတန်ဖိုးထက်ကျော်လွန်သွားလိမ့်မည်ဟုသိရှိရပါ တယ်။ Apple ရဲ့နောက်တွင် ကပ်လျှက်လိုက်နေတာကတော့ Microsoft, Amazon နဲ့ Alphabet တို့ပဲဖြစ်ပါတယ်။ ကုမ္ပဏီ ၄ခုစလုံးဟာ တန်ဖိုးငွေဒေါ်လာ ၁ထရီလီယံရဲ့အထက်မှာရှိနေပါတယ်။ 

သို့သော်လည်း ဆီဈေးကွက်က ကုမ္ပဏီတစ်ခုဖြစ်တဲ့ Saudi Aramco ဟာ အမြင့်မားဆုံးဈေးကွက် တန်ကြေးရှိနေပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဒေါ်လာ ၂.၁ ထရီလီယံတန်ဖိုးကိုရောက်ရှိသွားပြီဖြစ်ကာ လက်ရှိ သူတို့ရဲ့တန်ကြေးကတော့ ၁.၇ ထရီလီယံခန့်ရှိနေပါတယ်။ 

(Unicode)





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။