Apple wants to achieve climate neutrality by 2030

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.8.2020 | Apple ဟာ သူတို့ရဲ့ ကာဗွန်ဓါတ်ငွေ့ထုတ်လွှင့်မှုများကို ၂၀၃၀ ခုနှစ်တွင် လုံးဝလျှော့ချသွားနိုင်ရန် မျှော်မှန်းလျှက်ရှိ 

Apple ဟာ ကမ္ဘာကြီးပူနွေးလာမှုကို ကူညီဖြေရှင်းနိုင်ဖို့အတွက် ရည်မှန်းချက်အသစ်တစ်ခုကို ချမှတ်လိုက်ပါတယ်။ ဒါက တော့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ သူတို့ဟာ ကာဗွန်ဓါတ်ငွေ့ထုတ်လွှတ်မှုများလုံးဝလျှော့ချသွားနိုင်စေဖို့ မျှော်မှန်းထားတာပဲဖြစ်ပါတယ်။ 

ဒီအမေရိကန်အခြေစိုက် လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီဟာ သူတို့အတွက် ကြီးမားတဲ့ရည် မှန်းချက်တစ်ခုကို ချမှတ်ထားလိုက်ပါတယ်။ ၂၀၃၀ ခုနှစ်တွင် သူတို့ရဲ့လုပ်ငန်းလုပ်ဆောင်ချက်များ ဟာ လေထုအရည်အသွေးအပေါ် ဆိုးကျိုးလုံးဝသက်ရောက်မှုမရှိစေရန် သေချာစေဖို့အတွက် ပြုလုပ်လိုနေပါတယ်။ ထိုကုမ္ပဏီရဲ့ အမေရိကန်နိုင်ငံနှင့် အခြားသောနိုင်ငံများရှိ ထုတ်လုပ်မှုများဟာ နောင်လာမည့် ၁၀နှစ်အတွင်း ကမ္ဘာမြေပေါ်သို့ ဆိုးကျိုးများသက်ရောက်မှုရှိလာစေနိုင်မှာမဟုတ် သေးပါဘူး။ 

“ Apple ဟာ သူတို့ရဲ့ ကမ္ဘာတစ်လွှားရှိ လုပ်ငန်းဆောင်ရွက်မှုများတွင် နဂိုကတည်းက climate-neutral ဖြစ်ပြီးသားဖြစ်ပါတယ်။ လာမည့် ၂၀၃၀ ခုနှစ်တွင်တော့ ရောင်းချလာမည့် Apple device များအားလုံးဟာလည်း ရာသီဥတုအပေါ်လုံးဝ ဆိုးကျိုးသက်ရောက်မှုရှိစေတော့မှာမဟုတ်ပါ“ ဟူ၍ အဆိုပါကုမ္ပဏီမှ ပြောဆိုသွားခဲ့ပါတယ်။ 

နောင်လာမည့်နှစ်များတွင် အဆိုပါကုမ္ပဏီကြီးဟာ iPhone များ၊ iPad များ၊ iMac များနှင့် Macbook များကိုထုတ်လုပ်ခြင်းဟာ လေထုအရည်အသွေးအပေါ် အကျိုးသက်ရောက်မှုမရှိစေရန် အတွက် ချိန်ညှိမှုများကိုပြုလုပ်သွားမှာဖြစ်ပါတယ်။ ထို့သို့ဖြစ်လာဖို့ကို စက်ရုံ၊ အလုပ်ရုံများမှ ဓါတ်ငွေ့ထုတ်လွှင့်မှုများကို လျှော့ချခြင်းအပြင် တစ်ချိန်တည်းမှာပင် သဘာဝပတ်ဝန်းကျင်၌ သစ်ပင်အသစ်များစိုက်ပျိုးပေးခြင်းအားဖြင့် ဆောင်ရွက်သွားလိုတာဖြစ်ပါတယ်။ 

“သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုလုပ်ဆောင်ချက်များဟာ တီထွင်ဆန်းသစ်မှုများ၊ အလုပ် အကိုင်အခွင့်အလမ်းများနှင့် ရေရှည်တည်တံ့နိုင်မည့် စီးပွားရေးတိုးတက်မှုများအတွက် ခေတ်သစ်ရဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်လာနိုင်ပြီး ကျွန်ုပ်တို့ရဲ့ ရာသီဥတုမျှတမှုအပေါ်အလေးအနက်ထားတဲ့ အချက်ဟာ အခြားသောကုမ္ပဏီများကိုလည်း တွန်းအားပေးစေနိုင်ပြီး ပိုမိုကြီးမားတဲ့အပြောင်းအလဲ တစ်ရပ်ကိုဆောင်ကြဉ်းပေးနိုင်ဖို့ကို မျှော်လင့်ပါတယ်“ ဟူ၍ Apple ရဲ့ CEO ဖြစ်သူ Tim Cook က ပြောဆိုသွားခဲ့ပါတယ်။ 

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။