Apple’s total value has exceeded $2 trillion

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.8.2020 | Apple ဟာ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၂ထရီလီယံကျော်ရှိနေပြီဖြစ်

Tim Cook တို့ကတော့လုပ်ချလိုက်ပြန်ပါပြီ။ ဒီတစ်ခါမှာတော့ Apple ကို စံချိန်တင်အမြတ်ငွေများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ်ကတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်က ဒေါ်လာ ၁ထရီလီ ယံ အမြတ်ငွေရရှိအောင်စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ 

COVID-19 ကပ်ရောဂါကာလအတွင်းမှာ လုပ်ငန်းများနဲ့ ပြည်သူများအားလုံးတူညီစွာအခက်အခဲတွေနဲ့ရင်ဆိုင် နေရသော်လည်း နည်းပညာကုမ္ပဏီများ (အထူးသဖြင့် Apple လိုမျိုး နည်းပညာပစ္စည်းတွေထုတ်လုပ်တဲ့ကုမ္ပဏီ များ) ဟာ ပိုမိုပြီးတိုးတက်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်ရှိနေသေးတဲ့၊ အလုပ်ဆက်လုပ်နေပြီး ဝင်ငွေ ရှိနေတဲ့သူတွေက အပြင်သွားခြင်း၊ ခရီးသွားခြင်း အစရှိတာတွေကြောင့် ငွေကြေးကုန်ကျမှုမရှိတော့တဲ့အတွက် သူတို့ဟာ နည်းပညာပစ္စည်းများဝယ်ယူရာတွင် ပိုက်ဆံပိုသုံးလာနိုင်ကြတဲ့အတွက်ပဲဖြစ်ပါတယ်။ 

ယခုအခါ Apple ကတော့ ဒေါ်လာ ၂ထရီလီယံတန်ဖိုးသို့ရောက်ရှိကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ဆော်ဒီ အာရေဗီးယားနိုင်ငံပြင်ပရှိကုမ္ပဏီများတွင် ထိုတန်ဖိုးပမာဏသို့ရောက်ရှိလာတဲ့ ပထမဦးဆုံးကုမ္ပဏီလည်းဖြစ်လို့ နေပြန်ပါတယ်။ Apple အဖို့တော့ ဒါဟာအလွန်ခန်းနားတဲ့အောင်မြင်မှုတစ်ခုပါပဲ - ဒီနှစ်ရဲ့ မတ်လအတွင်းမှာ COVID-19 ကပ်ရောဂါစတင်ပြန့်ပွားစဉ်က သူတို့ရဲ့ စတော့ရှယ်ယာများထိုးကျသွားတာကြောင့် ကုမ္ပဏီရဲ့ စုစုပေါင်းတန်ကြေးဟာ ဒေါ်လာ ၁ထရီလီယံတောင်မပြည့်တော့ပါဘူး။ ဒါပေမယ့်သူတို့ဟာ လျှင်လျှင်မြန်မြန်ပဲ အရှိန်ပြန်ရလာခဲ့ပြီး၊ ပြီးခဲ့တဲ့လက ဒေါ်လာ ၂ထရီလီယံပမာဏကိုပင် ကျော်လွန်သွားခဲ့တယ်ဟူ၍ အင်တာနက် သတင်းများအရသိရှိရပါတယ်။  

(Unicode)




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။