Apple’s digital car key feature will soon come to Hyundai

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.1.2022 | Hyundai ကုမ္ပဏီမှထုတ်လုပ်မည့်ကားများတွင် Apple ရဲ့ digital car key လုပ်ဆောင်ချက် မကြာမှီတွင် ရောက်ရှိလာတော့မည်

Hyundai နှင့် ၎င်းတို့ရဲ့ Genesis brand ဟာ Apple ရဲ့ digital car key လုပ်ဆောင်ချက်ကို အထောက်အပံ့ပေးနိုင်မည့် support system ကို ထည့်သွင်းသွားဖို့ အလွန်နီးကပ်နေပြီပဲဖြစ်ပါတယ်။ Apple ရဲ့ digital car key လုပ်ဆောင်ချက်ဆိုတာကတော့ compatible ဖြစ်တဲ့ ယာဉ်များကို iPhone ရဲ့ Wallet app နှင့် unlock ပြုလုပ်ခြင်း ကားစက်နှိုးခြင်းတို့ကို ပြုလုပ်နိုင်စေမယ့်လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။

အဆိုပါ “CarKey” လုပ်ဆောင်ချက်ဟာ Hyundai ရဲ့ Genesis ကားမော်ဒယ်လ်များသို့ လာမည့် နွေရာသီတွင် ရောက်ရှိလာတော့မှာဖြစ်ပြီး Hyundai မှ ၎င်းတို့ရဲ့ကိုယ်ပိုင် iOS app များဖြစ်တဲ့ MyHyundai with Bluelink နှင့် Genesis Intelligent Assistant ကဲ့သို့ အဝေးမှကားစက်နှိုးခြင်းနှင့် တံခါးဖွင့်ခြင်းများကို compatible ဖြစ်တဲ့ ယာဉ်များတွင် ဆောင်ရွက်ပေးနိုင်သော iOS app များကိုလည်း ထုတ်လွှင့်ပေးခဲ့ပြီးဖြစ်ပါတယ်။

သို့သော် . . . Apple ရဲ့ အဆိုပါ digital key လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ခြင်းအားဖြင့် လုပ်ဆောင်ချက်များကို အသုံးပြုရာတွင် ပိုမို၍ချောမွေ့မှုရှိလာစေမှာဖြစ်ပြီး system-level Apple Wallet shortcut များကို အသုံးပြုနိုင်မည့် အားသာချက်ကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။