Apple Rejects Facebook’s Gaming App, for at Least the Fifth Time

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.7.2020 | Apple ဟာ Facebook ရဲ့ Gaming App ကို အနည်းဆုံး ငါးကြိမ်ခန့်ပယ်ချခဲ့

Apple ဟာ Facebook ရဲ့ အသစ်ထွက်ရှိလာတဲ့ Gaming app ကို သူတို့ရဲ့ App Store ပေါ်တွင် တင်ပေးဖို့ကို သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းများကြောင့်ဟုဆိုကာ ထပ်ခါတလဲလဲ ငြင်းဆိုခဲ့ပါတယ်။ 

Facebook ရဲ့ game ဌာနရှိ အလုပ်အမှုဆောင်များနဲ့ အင်ဂျင်နီယာများဟာ သူတို့ရဲ့ app အသစ်ဖြစ် တဲ့ Facebook Gaming ကို Apple ထံသို့လွန်ခဲ့သောလ ကတည်းကပေးပို့ကာ ထိုအရာကို iPhone ထုတ်လုပ်တဲ့ကုမ္ပဏီရဲ့ App Store ပေါ်တွင် တင်နိုင်ရန်အတွက် ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ 

Apple ဟာ Facebook ရဲ့ application ကို ရက်သတ္တပတ်အနည်းငယ်စဉ်းစားဆုံးဖြတ်ပြီးနောက် ယခုလတွင် ငြင်းဆိုဖို့ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ 

Facebook team ဟာ ဒီကိစ္စနဲ့ပက်သတ်ပြီးတော့ မအံ့ဩခဲ့ပါဘူး။ Facebook Gaming app ကို Apple ကငြင်းဆန်မှုပြုခဲ့တာဟာ ဒါပထမဆုံးအကြိမ်မဟုတ်သလို၊ ဒုတိယအကြိမ်၊ တတိယအကြိမ် လဲ မဟုတ်ခဲ့ပါဘူး။ 

ဖေဖော်ဝါရီလလောက်တည်းက Apple ဟာ Facebook Gaming ရဲ့ version ၅ခုခန့်ကို အနည်းဆုံး ပယ်ချခဲ့ပြီးဖြစ်ပါတယ်ဟု ဒီကုမ္ပဏီများအကြောင်း သိရှိထားတဲ့ အမည်မဖော်လိုသူ ၃ဦးမှပြောဆိုခဲ့ ပါတယ်။ အချိန်တိုင်းတွင် Apple ဟာ casual game များကို အဓိကရည်ရွယ်ချက်အနေနဲ့ ဖြန့်ဖြူး မည့် app များကိုတင်ပေးရန်တားမြစ်ထားတယ်ဆိုတဲ့ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းကြောင့် ပယ်ချခဲ့ တယ်ဟုလည်း ထိုသူများကပြောကြားခဲ့ပါသေးတယ်။ 

Apple ရဲ့ ဂိမ်းများရောင်းချနေမှုနဲ့ ယှဉ်ပြိုင်ဖို့ပြုလုပ်နေတယ်လို့ထင်မြင်ရတဲ့အတွက် Facebook Gaming ဟာလည်း နစ်နာမှုများရှိနိုင်တယ်လို့ ထိုသူများထဲမှ ၂ဦးကပြောကြားခဲ့ပါတယ်။ ဂိမ်းများ ဟာ ကမ္ဘာတစ်လွှားရှိ mobile app များတွင် လက်ရှိအချိန်အထိ ငွေရပေါက်ရလမ်းအကောင်းဆုံး ခေါင်းစဉ်တစ်ခုဖြစ်နေပါတယ်။

iPhone နဲ့ iPad အသုံးပြုသူများအတွက် ဂိမ်းအသစ်များနဲ့ အခြား သော program များကိုရှာဖွေရန် တရားဝင်ထောက်ခံမှုပေးခြင်းခံထားရတဲ့ Apple ရဲ့ App Store ဟာ ပြီးခဲ့တဲ့နှစ်က အမြတ်ငွေ ဒေါ်လာ ၁၅ဘီလျံမြတ်စွန်းခဲ့ပါတယ်။ 

Silicon Valley က ကုမ္ပဏီကြီးအချင်းချင်းဖြစ်တဲ့ Facebook ရဲ့ app ကို Apple ရဲ့ ငြင်းဆိုမှုဟာ mobile software နဲ့ ဖျော်ဖြေရေးသံသရာစက်ဝန်းအတွင်း သူတို့ရဲ့ထိန်းချုပ်၊ လွှမ်းမိုးမှုရှိခြင်းကို ပြသနေလျှက်ရှိနေကာ စည်းကမ်းကြီးကြပ်သူများဟာ အမြဲစောင့်ကြည့်ထိန်းချုပ်လျှက်ရှိနေတာကို လည်းပြသလျှက်ရှိနေပါတယ်။ အင်္ဂါနေ့က ဥရောပယူနီယံအဖွဲ့ရဲ့ အလုပ်အမှုဆောင်ရုံးခွဲတစ်ခုဖြစ် တဲ့ ဥရောပကော်မရှင်က သူတို့ဟာ Apple ရဲ့ဈေးကွက်လက်ဝါးကြီးအုပ်မှုများကို တရားဝင်စစ်ဆေး မှုများပြုလုပ်ရန် စတင်ဆောင်ရွက်လျှက်ရှိကာ ဒီကုမ္ပဏီရဲ့ app developer များအပေါ်ချမှတ်ထား တဲ့စည်းမျဉ်းစည်းကမ်းများဟာ ပြိုင်ဆိုင်မှုများတွင်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်လျှက်ရှိနေသလားဆိုတာကို ဆုံးဖြတ်စစ်ဆေးသွားမယ်ဟူ၍ ပြောဆိုခဲ့ပါတယ်။ 
 

(Unicode)








သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။