Apple pays $288,000 to white-hat hackers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.10.2020 | ကုမ္ပဏီရဲ့ ကွန်ယက်အတွင်းရှိ အားနည်းချက်များကို ရှာဖွေပေးခဲ့တဲ့ White-hat hacker များကို Apple မှ အမေရိကန်ဒေါ်လာ ၂၈၈,၀၀၀ ဆုချီးမြှင့်ခဲ့

Arstechina.com ရဲ့အဆိုအရ Apple ရဲ့ corporate network ဟာ သန်းပေါင်းများစွာသော သူတို့ရဲ့ customer များရဲ့ အရေးကြီးတဲ့ ဒေတာအချက်အလက်များကို ဖောက်ထွင်းခိုးယူရနိုင်တဲ့ အန္တရာယ်နဲ့ တွေ့ကြုံနေရတယ်လို့ ဆိုပါတယ်။ 

Sam Curry ဆိုတဲ့ အသက် ၂၀ အရွယ် website လုံခြုံရေးဆိုင်ရာ သုသေသီတစ်ဦးက သူနဲ့ သူ့ရဲ့အဖွဲ့ဟာ Apple ရဲ့ website ပေါ်တွင် အားနည်းချက် ၅၅ ချက်ကိုတွေ့ရှိခဲ့ပြီး ၁၁ ချက်ဟာတော့ သူ့ကို Apple ရဲ့ အခြေခံအုတ်မြစ်ရဲ့ အဓိကနေရာတွေကို ချုပ်ကိုင်ခွင့်ရရှိစေပြီး customer များရဲ့ email များ၊ iCloud ဒေတာနဲ့ အခြားသော ကိုယ်ရေးအချက်အလက်များကို ခိုးယူနိုင်ခွင့် ရရှိစေနိုင်တဲ့အတွက် အရေးကြီးတဲ့ အားနည်းချက်များအဖြစ် သတ်မှတ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ 

Apple ဟာ ဒီ အားနည်းချက်တွေကို Curry က report ပြုလုပ်ပြီးနောက် ၃ လအတွင်းတွင် ပြင်ဆင်ခဲ့ပါ တယ်။ ယခုအခါတွင် အဆိုပါ အားနည်းချက်များရဲ့ တစ်ဝက်ခန့်ကို ပြင်ဆင်ပြီးခဲ့ပြီဖြစ်ပြီး Curry နဲ့ သူ့ရဲ့ အဖွဲ့ကို အမေရိကန်ဒေါ်လာ ၂၈၈,၅၀၀ ကို ချီးမြှင့်သွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ Curry က ပြောကြားခဲ့ ရာမှာတော့ Apple က ကျန်တဲ့အားနည်းချက်တွေကို ပြင်ဆင်ပြီးခဲ့ပါက စုစုပေါင်းဆုကြေးငွေဟာ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ထက်ပိုနိုင်တယ်ဟူ၍ သိရှိရပါတယ်။ 

“ဒီအရာတွေကိုသာ တိုက်ခိုက်သူတစ်ဦးက အသုံးပြုခဲ့မယ်ဆိုပါက Apple အနေနဲ့ ကြီးမားသော သတင်းအချက်အလက်ပေါက်ကြားမှုပြဿနာများနဲ့ ရင်ဆိုင်ရနိုင်ပြီး ဂုဏ်သိက္ခာများကို ကျဆင်းစေမှာ ဖြစ်ပါတယ်။” ဟူ၍ arstechnia.com မှရရှိထားတဲ့ သတင်းများအရ online chat တစ်ခုတွင် ပြောဆိုခဲ့ ပါသေးတယ်။ “ဥပမာအားဖြင့် တိုက်ခိုက်သူများအနေနဲ့ ကုမ္ပဏီတွင်းက user information အတွက် အသုံးပြုတဲ့ internal tool များကို ဝင်ရောက်နိုင်မှာဖြစ်ပြီး system များကို hacker က စိတ်ထင်သလို ပြောင်းလဲပြစ်နိုင်မှာဖြစ်ပါတယ်။” ဟူ၍လည်း ပြောကြားသွားခဲ့ပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။