Apple is working on their first ever VR headset

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.1.2021 | Apple ဟာ သူတို့ရဲ့ပထမဦးဆုံး VR headset ကို ထုတ်လုပ်ရန် ကြိုးပမ်းလျှက်ရှိ

Apple ဟာ သူတို့ရဲ့ ပထမဦးဆုံး VR headset ကို ထုတ်လုပ်သွားဖို့အတွက် ကြိုးပမ်းလျှက်ရှိနေပြီး လက်ရှိရရှိထားတဲ့သတင်းများအရ ပထမဆုံးထုတ်လုပ်သွားဖို့ရှိတဲ့ VR headset များဟာ ပိုမိုဈေးသက်သာပြီး သုံးစွဲရလွယ်ကူတဲ့ AR headset များကို နောက်ထပ်ထုတ်လုပ်မည့်စီးရီးများတွင် ဖန်တီးနိုင်ရန်အတွက် အလွန်တရာဈေးနှုန်းကြီးမြင့်မှုရှိလာနိုင်ကြောင်း သိရှိခဲ့ရပါတယ်။ 

Bloomberg မှ သတင်းတစ်ပုဒ်အရ - Apple မှ ပထမဦးဆုံးထုတ်လုပ်ဖို့ လုပ်ဆောင်လျှက်ရှိတဲ့ VR headset ဟာ ဂိမ်းကစားခြင်း၊ ဗွီဒီယိုများကြည့်ရှုခြင်းနဲ့ ဆက်သွယ်ရေးတို့အတွက်ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပြီး အစောဆုံးအနေနဲ့ ၂၀၂၂ ခုနှစ်ခန့်တွင် ထွက်ရှိလာနိုင်ကြောင်း ပြောကြားထားခဲ့ပါတယ်။ Apple product တွေရဲ့ထုံးစံအတိုင်း ဈေးနှုန်းကတော့ကြီးမြင့်နေမှာဖြစ်သော်လည်း အင်တာနက်ပေါ်တွင် ဒီအရာဟာရေပန်းစားလာဦးမှာဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ ထင်မြင်မိပါတယ်။ 

.အဆိုပါ VR headset ဟာ လက်ရှိပြိုင်ဖက် VR headset များတွင်ပါဝင်သော လုပ်ဆောင်ချက်များစွာပါဝင်လာမည့်အပြင် အချို့သော AR လုပ်ဆောင်ချက်များပါ ပါဝင်လာနိုင်ကြောင်းကိုလည်း ခန့်မှန်းချက်များအရသိရှိရပါတယ်။ Apple ဟာ AR ကို VR နှင့် နှိုင်းစာလျှင် ပိုမို၍ ရေပန်းစားလာနိုင်တဲ့ထုတ်ကုန်တစ်ခုအနေနဲ့ ရှုမြင်ထားတဲ့အတွက် AR လုပ်ဆောင်ချက်များကိုထည့်သွင်းလာခြင်းဟာ စောသေးတယ်လို့တော့ မဆိုနိုင်လှပါဘူး။ အဆိုပါ VR Headset အတွက် တရားဝင်ဝယ်ယူရရှိနိုင်မယ့်ရက်ကိုတော့ ၂၀၂၃ ခုနှစ်အဖြစ် သတ်မှတ်ကြေငြာထားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။