Apple is reportedly working on a new iPad Mini and iPad Pro

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.6.2021 | သတင်းများအရ Apple ဟာ iPad Mini နှင့် iPad Pro အသစ်ကို ထုတ်လုပ်ရန်စီစဉ်လျှက်ရှိနေ 

Bloomberg ၏ သတင်းတစ်ပုဒ်အရ - ကပ်ရောဂါကာလအတွင်း ရောင်းအားတိုးတက်လာခဲ့သည့် အမျိုးအစားဖြစ်သည့်အတွက် အဆိုပါရောင်းအားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် Apple ဟာ wireless charging လုပ်ဆောင်ချက်ပါဝင်မည့် iPad Pro နှင့် ပြန်လည်ဒီဇိုင်းပြင်ဆင်ထားသည့် iPad Mini တို့အား ထုတ်လုပ်သွားရန်အတွက် စီစဉ်ပြုလုပ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။ 

အဆိုပါသတင်းအရ Apple ဟာ iPad Mini အသစ်ကို ပိုမိုကျဉ်းမြောင်းသေးငယ်သော ဘေးဘောင်များဖြင့် ထုတ်လုပ်နိုင်ရန် စီစဉ်လျှက်ရှိနေပြီး ထိုအရာရဲ့ home ခလုတ်ကိုလည်း ဖယ်ရှားဖို့ နည်းလမ်းများကိုရှာဖွေလျှက်ရှိနေပါတယ်။ Apple ဟာ iPad Pro တွင် ပထမဆုံးအနေနဲ့ wireless charging ဖြင့်အားသွင်းနိုင်စေရန်အတွက် ဖန်သားနောက်ခံကိုယ်ထည်ဖြင့်လည်း စမ်းသပ်လျှက်ရှိကာ reverse wireless charging စနစ်ကိုလည်း စမ်းသပ်လျှက်ရှိပါတယ်။ 

အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူများကတော့ Apple ဟာ iPad Pro အသစ်ကို ၂၀၂၂ ခုနှစ်တွင် ထုတ်လုပ်ဖို့ စီစဉ်လျှက်ရှိနေပြီး iPad Mini ကိုတော့ ယခုနှစ်အတွင်း ထုတ်လုပ်သွားဖို့ စီစဉ်လျှက်ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။ သို့သော်လည်း အဆိုပါသတင်းတွင် iPad Pro အသစ်အတွက် ဒီဇိုင်းများဟာ အစောပိုင်းကာလများတွင်သာရှိနေဆဲဖြစ်တဲ့အတွက် အစီအစဉ်များကို ပြောင်းလဲခြင်း၊ ဖျက်သိမ်းလိုက်ခြင်းများလည်း ရှိလာနိုင်ကြောင်း ထပ်ဆောင်းအသိပေးခဲ့ပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။