Apple is planning to put ads right in the App Store’s Today tab

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.8.2022 | App Store ရဲ့ Today tab ပေါ်တွင် ကြော်ငြာများကိုပြသရန် Apple မှ စီစဉ်လျှက်ရှိ 

Apple ဟာ ၎င်းတို့ရဲ့ App Store ရဲ့ Today tab နှင့် app page တစ်ခုချင်းစီပေါ်တွင် ကြော်ငြာများကိုပြသသွားရန် စီစဉ်လျှက်ရှိနေကြောင်း MacRumors, 9to5Mac နှင့် AppleInsider တို့မှ သတင်းများအရ သိရှိရပါတယ်။ 

လက်ရှိ App Store ရဲ့ search tab နှင့် search result များတွင် အသုံးပြုသူများ တွေ့မြင်နေရသည့်ကြော်ငြာများအပြင် ယခုအခါတွင် အထက်ဖော်ပြပါ နေရာနှစ်ခုတွင်ပါ ကြော်ငြာများကို ပြသသွားတော့မှာပဲဖြစ်ပါတယ်။ 

Apple ဟာ App Store ရဲ့ search results များပေါ်တွင် ၂၀၁၆ ခုနှစ်မှစတင်၍ ကြော်ငြာများကိုပြသလာခဲ့တာဖြစ်ပြီး ၂၀၁၆ စက်တင်ဘာလတွင် အသုံးပြုသူများကို Personalized Ads များအတွက် ခွင့်ပြုချက်များတောင်းခံမှုကို စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီကဲ့သို့ နောက်ထပ် ကြော်ငြာများကိုပြသဖို့ နေရာ (၂) ခု ထပ်မံတိုးချဲ့လိုက်ခြင်းက Apple ဟာ App Store မှ ဝင်ငွေရရှိနိုင်မည့် နည်းလမ်းအသစ်များကို ရှာဖွေလျှက်ရှိနေတယ်ဆိုတာကို ပြသနေပြီး ၎င်းတို့ရဲ့ဝန်ဆောင်မှုလုပ်ငန်းအား ပိုမိုကျယ်ပြန့်မှုရှိလာစေရန် ပြုလုပ်လာသည်နှင့်အမျှ ဒီကြော်ငြာများမှရရှိမယ့် အခကြေးငွေဟာ ကုမ္ပဏီအတွက် အရေးပါတဲ့ ထောက်တိုင်တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။