Apple is planning to continue their Anti-User Tracking Plan

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.11.2020 | Apple မှ သူတို့ရဲ့ “Anti-User Tracking” အစီအစဉ်ကို ဆက်လက်၍လုပ်ဆောင်သွားရန် စီစဉ်လျှက်ရှိ

Arstechina မှ သတင်းများအရ - ယခုနှစ် ဇွန်လအတွင်း ကြေငြာခဲ့သော iOS 14 တွင် developer များအနေနဲ့ အသုံးပြုသူ user များကို အကယ်၍ သူတို့ရဲ့ app များဟာ “unique device code” ဟု ခေါ်ဆိုသည့် IDFA (ID) ကို ရယူဖို့လိုအပ်ခဲ့ပါက အသိပေးသွားရန်နှင့် အဆိုပါအချက်အလက်ရယူမှုကို setting တွင် အသုံးပြုသူများအနေနဲ့ ပေးဖို့၊ မပေးဖို့ကို ရွေးချယ်နိုင်မည့် setting တစ်ခုအနေနဲ့ ထားရှိပေးသွားရမည်ဟူ၍ ကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် Facebook နဲ့ အခြားသော ကုမ္ပဏီများမှ ရက်ရွှေ့ဆိုင်းပေးဖို့ အတွက် တောင်းဆိုခြင်းကိုခံခဲ့ရပြီးနောက်တွင် Apple မှ အဆိုပါ စည်းကမ်းချက်အသစ်ကိုထည့်သွင်းခြင်းအား နောက်သို့ရွှေ့ဆိုင်းပေးခဲ့ပြီး iOS 14 ကို စက်တင်ဘာလတွင် အဆိုပါ function ပါဝင်လာခြင်းမရှိပဲ ထုတ်လွှင့်ပေးခဲ့ပါတယ်။ ထိုအစား “လာမည့်နှစ် အစောပိုင်းတွင်” အဆိုပါလုပ်ဆောင်ချက်ကို ထည့်သွင်းသွားမည် ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ပါတယ်။ 

Apple မှ သူတို့ရဲ့ app tracking transparency (ATT) လုပ်ဆောင်ချက်အသစ်ကို နောက်နှစ်သို့ရွှေ့ဆိုင်းခဲ့ပြီးနောက် ထိုအစီအစဉ်အတိုင်း ဆက်လက်၍လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ Apple ရဲ့ Global Privacy အတွက် အကြီးတန်း ဒါရိုက်တာတစ်ဦးဖြစ်သူ Jane Horvath မှ Amnesty International, Human Rights Watch နှင့် the Electronic Frontier Foundation အပါအဝင် Civil rights, Human rights, နှင့် Digital rights group ၈ ခုသို့ ပေးပို့ခဲ့သော စာတစ်စောင်တွင် ထိုအရာကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

Horvath မှ “Tracking ဟာ တစ်ခါတစ်ရံတွင် ကျူးကျော်ရာရောက်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် ဒီအရာကို အသုံးပြုသူများမှ သိရှိခြင်း၊ ခွင့်ပြုခြင်းမရှိပဲ လုပ်ဆောင်နေကြပါတယ်။” “အချို့သောကုမ္ပဏီများက ခေါ်ဆိုနေတဲ့ ‘personalized experiences’ များဟာ တစ်ကယ်တမ်းတွင် အများအားဖြင့် အသုံးပြုသူများရဲ့အကြောင်း အချက်အလက်များရနိုင်သမျှရရှိနိုင်ရန်အတွက်နှင့် သူတို့အကြောင်း အသေးစိတ် profile များကိုတည်ဆောက်ပြီး အဆိုပါ profile များမှတဆင့် အမြတ်ငွေပြန်လည်ရရှိနိုင်စေဖို့ လုပ်ဆောင်နေမှုကို ဖုံးကွယ်ဖို့အတွက် ကြိုးစားနေခြင်းပဲဖြစ်ပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

ဆက်လက်၍ Horvath မှ ပြောဆိုခဲ့သည်မှာ - “ကျွန်ုပ်တို့ဟာ ကြော်ငြာမှုပြုခြင်းကို ဆန့်ကျင်နေတာမဟုတ်ပါဘူး။””ဒါပေမယ့် tracking ပြုလုပ်ခြင်းဟာ ထင်သာမြင်သာရှိပြီး အသုံးပြုသူများတွင် ထိုအရာကိုထိန်းချုပ်ခွင့် ရှိနေသင့်ပါတယ်။ ဒါမှသာ ကျွန်ုပ်တို့အားလုံးအတွက် အကျိုးရှိနိုင်မယ့် အသုံးပြုသူများ ထံကယုံကြည်မှုများကို ရယူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။” ဟူ၍ဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။