Apple has patented glasses that you can control with your eyes

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.8.2020 | Apple က သင့်ရဲ့မျက်လုံးများနဲ့ထိန်းချုပ်နိုင်မည့်မျက်မှန်ကို မှတ်ပုံတင်မှုပြုလုပ်ခဲ့

Apple Glasses ဟာ ယခင်နှစ်များကတည်းကပင် ပြောစမှတ်ဖြစ်စရာတစ်ခုဖြစ်နေခဲ့တာဖြစ်ပြီး ယခုအခါတွင်တော့ ထိုအရာကို ကျွန်ုပ်တို့အနေနဲ့ မကြာမှီတွေ့မြင်နိုင်လာတော့မှာပဲဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီဟာ ယခုဆိုရင်တော့ မျက်လုံးများနဲ့ ထိန်းချုပ်၍ရနိုင်မည့် device တစ်ခုကို မှတ်ပုံ တင်လိုက်ပြီဖြစ်ပါတယ်။ 

Apple ရဲ့ စမတ်မျက်မှန်များရဲ့ ပုံသဏ္ဍန်ကိုဖော်ပြထားတဲ့ မှတ်ပုံတင်မှုတစ်ရပ်ဟာ အင်တာနက်ပေါ် တွင်ပေါက်ကြားခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ထိုအရာကို နည်းလမ်းအမျိုးမျိုးနဲ့ ထိန်းချုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ ထိုအထဲမှ နည်းလမ်းတစ်ခုကတော့ မျက်လုံးဖြင့်ထိန်းချုပ်ခြင်းဖြစ် ပြီး user interface အတွင်းရှိ အရာဝတ္ထုများအပေါ်တုန့်ပြန်စေခိုင်းမှုများပြုလုပ်နိုင်တော့မှာပဲဖြစ်ပါ တယ်။ 

ဒီ interface ဟာ မျက်တောင်ခတ်ခြင်း၊ မျက်လုံးမှေး၍ကြည့်ခြင်းနှင့် အခြားသော မျက်လုံးရွေ့လျား မှုများအပေါ်မူတည်၍ တုန့်ပြန်မှုများပေးသွားနိုင်တယ်လို့ဆိုပြီး သင့်ရဲ့မြင်ကွင်းတည့်တည့်တွင် တည်ရှိနေမှာဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ဒီ device ကို အသံဖြင့်အမိန့်ပေးခြင်းအားဖြင့်လည်းစေခိုင်းနိုင်မှာဖြစ်ပါတယ်။ ဒါဟာ Siri ရဲ့ voice assistant ဟာလည်း ဒီမျက်မှန်များတွင်ပါလာနိုင်ခြေရှိနေတယ်ဆိုတာကိုပြသ နေပါတယ်။ ထိုအရာများအပြင် သင့်အနေနဲ့ Apple Glasses များကို ဥပမာ - သင့်ရဲ့ လက်ချောင်း များဖြင့်ပွတ်ဆွဲခြင်းကဲ့သို့သော gesture များကိုအသုံးပြု၍လည်း ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ 

သုတေသီများကတော့ ဒီတီထွင်မှုအသစ်ဟာ ၂၀၂၃ခုနှစ်တွင် ဈေးကွက်အတွင်းရောက်ရှိလာနိုင် တယ်ဟု ခန့်မှန်းနေကြပါတယ်။ Apple အနေနဲ့ ထိုအရာကိုပြီးပြည့်စုံတဲ့အဆင့်သို့ရောက်ရှိရန် အချိန် များစွာယူကာ ပြင်ဆင်ရဦးမှာဖြစ်ပါတယ်။ 

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။