Apple gives some leeway after the clash with developers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.9.2020 | Apple က developer ကုမ္ပဏီများနဲ့ ပြသနာများဖြစ်ပွားခဲ့ပြီးနောက် တစ်ချို့အရာများကိုဖြေလျှော့ပေးခဲ့

Apple ရဲ့ iPhone များအတွက် တည်ဆောက်ထားတဲ့ သူတို့ရဲ့ digital storefront (app store) အပေါ် လက်ဝါးကြီးအုပ်ထားသည့်ကိစ္စနှင့်ပတ်သက်သည့် ပြသနာများကိုဖြေရှင်းနိုင်ရန်အတွက် သူတို့ရဲ့ App Store အတွက် စည်းမျဉ်းအသစ်များကို ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။

အဆိုပါစည်းမျဉ်းအသစ်များတွင် game streaming ဝန်ဆောင်မှုများအတွက် အသစ်ထုတ်ပြန်ချက်များ၊ free email app များရဲ့ in-app purchases များအပေါ် ဖြေလျှော့ပေးမှုများနဲ့ Online သင်တန်းများအတွက် စည်းကမ်းချက်အသစ်များလည်း ပါဝင်ပါတယ်။ ထိုအထဲကမှ အထင်ရှားဆုံးတစ်ချက်ကတော့ Google Stadia နဲ့ Microsoft ရဲ့ xCloud ကဲ့သို့သော game streaming ဝန်ဆောင်မှုများကို ယခုအခါ App Store ပေါ်တွင် ခွင့်ပြုပေးလိုက်ခြင်းပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple က ထိုအထဲမှ အနည်းငယ်ကိုသာခွင့်ပြုသွားမှာဖြစ်ပါတယ်။ အဆိုပါ game streaming ဝန်ဆောင်မှုများတွင် ပြသမည့်ဂိမ်းများဟာ “App Store ပေါ်က တိုက်ရိုက် download ပြုလုပ်၍ ရနိုင်မည့် ဂိမ်းများ” ဖြစ်နေဖို့ လိုအပ်ပြီး အသစ်တင်မည့် update တိုင်းကို ကုမ္ပဏီများက သူတို့ရဲ့ user များထံသို့ streaming ထုတ်လွှင့်ပြသခြင်းမပြုမှီတွင် တစ်ခုခြင်းစီတိုင်းကို Apple သို့ စစ်ဆေးနိုင်ဖို့အတွက် တင်ပြပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် Microsoft နဲ့ Google တို့ဟာ ဂိမ်းအားလုံးကိုကြည့်ရှုနိုင်မယ့် streaming app ကြီးတစ်ခုကို တည်ဆောက်နိုင်မှာတော့ မဟုတ်ပါဘူး။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။