Apple faces a second EU antitrust complaint

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.6.2020 | Apple ဟာ ဒုတိယအကြိမ် ဥရောပနိုင်ငံအတွင်း ဈေးကွက်ကိုချုပ်ကိုင်လျှက်ရှိတယ်ဆိုတဲ့ စွဲဆိုမှု တွေနဲ့ ရင်ဆိုင်နေရပါတယ်။

လုပ်ငန်းအပြိုင်အဆိုင်များက သူတို့ဟာ App Store ရဲ့ tax တွေကြောင့် အခက်တွေ့နေတယ်ဟူ၍ ပြောကြားခဲ့ပါတယ်။ Apple ဟာသူတို့ရဲ့ ဈေးကွက်အတွင်းလွှမ်းမိုးမှုရှိခြင်းကို အလွန်အကျွံအသုံးချလျှက်ရှိတယ်ဟူသည့် စွပ်စွဲချက်တစ်ရပ်နဲ့ရင်ဆိုင်နေရပါတယ်။ 

လွန်ခဲ့သောမတ်လအတွင်း၊ သူတို့ရဲ့ TV streaming ဝန်ဆောင်မှုများကြောင့် လူသိများတဲ့ ဂျပန်နိုင်ငံ ကနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Rakuten ဟာ Apple မှ အပြိုင်အဆိုင်ရှိမှုကိုပိတ်ပင်လျှက်ရှိနေ တယ်ဟူသည့် စွဲချက်တစ်ခုကို European Commission ကနေတစ်ဆင့်တင်ပြခဲ့တယ်လို့ Financial Times ရဲ့ သတင်းများအရသိရှိရပါတယ်။ 
 

Rakuten ရဲ့ အဆိုပါ complaint ဟာ streaming ကဏ္ဍထက် Apple ရဲ့ e-book လုပ်ငန်းအပေါ် ဦးတည်ထားတာဖြစ်ပါတယ်။ Rakuten ဟာ electronic စာအုပ်များကိုထုတ်ဝေလျှက်ရှိတဲ့ Kobo ဆိုတဲ့ကုမ္ပဏီတစ်ခုကိုလဲ ပိုင်ဆိုင်ပြီး၊ အဆိုပါ app ကို Apple ရဲ့ App Store ပေါ်တွင် တင်ထားပါ တယ်။ 

App Store ပေါ်ရှိ in-app payment များပါဝင်တဲ့ app တိုင်းဟာ Apple ရဲ့ ငွေပေးခြေမှုစနစ်ကို သာအသုံးပြုရပြီး ဒီအရာက ဝယ်ယူမှုတိုင်းအတွက် အခွန်ငွေအနေနဲ့ 30% ကိုပေးဆောင်ရပါတယ်။ Kobo အတွက်တော့ ဒါဟာ သူတို့ရဲ့ free app ကနေရောင်းရမယ့်စာအုပ်တိုင်းအတွက် 30% ကော်မ ရှင်ခကိုပေးဆောင်နေရမှာဖြစ်ပါတယ်လို့ဆိုလိုပါတယ်။ 

Kobo ရဲ့ complaint နဲ့အလားသဏ္ဍန်တူတဲ့ FT ကုမ္ပဏီဟာတော့ သူတို့ရဲ့လုပ်ငန်းဟာ ဒီ Tax ကို ရှောင်နိုင်ဖို့အတွက် သုံးစွဲသူများကိုသူတို့ရဲ့ website ပေါ်သို့သွားပြီးသာ စာအုပ်များဝယ်ယူဖို့အတွက် တိုက်တွန်းခဲ့ရတဲ့အတွက် လုပ်ငန်းအတွင်းနစ်နာမှုများရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ Amazon နဲ့ လည်းဆင်တူနေပြီး သူတို့ကတော့ အသုံးပြုသူများကို iPhone app ပေါ်မှတဆင့် audiobook များနဲ့ ebook များဝယ်ယူဖို့ကို ခွင့်မပြုထားပဲ သူတို့ရဲ့ website ပေါ်သို့ပို့ပေးလိုက်ပါတယ်။ 

Apple ထံတွင်လည်း Apple Books လို့ခေါ်တဲ့ ebook ဝန်ဆောင်မှုတစ်ခုရှိနေပါတယ်။ Apple Book နဲ့အပြိုင်အဆိုင်တစ်ခုဖြစ်တဲ့ Kobo အပေါ်အခွန်ကောက်ထားတာဟာ တရားမျှတစွာယှဉ်ပြိုင် ခြင်းမရှိဘူးဟု Rakuten မှ ပြောဆိုခဲ့ပါတယ်။ Business Insider မှဆက်သွယ်ခဲ့တဲ့အခါမှာတော့ ဒီအရာနဲ့ပက်သတ်ပြီး တစ်စုံတစ်ရာပြောကြားခြင်းမရှိခဲ့ပါဘူး။ 

ကုမ္ပဏီကြီးများက Apple ရဲ့ App Store ပေါ်ရှိ Tax အကြောင်း ယခုကဲ့သို့ complain ပြုလုပ်ခဲ့ တာဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၁၉ခုနှစ်၊ မတ်လအတွင်းကလည်း ဥရောပနိုင်ငံ အတွင်းရှိ music streaming company တစ်ခုဖြစ်တဲ့ Spotify ဟာလည်း အလားတူ complain တစ်ခုကိုတင်ခဲ့ပါသေးတယ်။ ၎င်းတွင် Apple ကို ဝင်ရောက်ကစားသူနဲ့ ဒိုင်လူကြီးအဖြစ်ပါဆောင် ရွက်လျက်ရှိပြီး အခြားသော app developer တွေကို ရည်ရွယ်ချက်ရှိရှိ အရေးနိမ့်အောင်ပြုလုပ် နေတယ်ဟူ၍ စွဲချက်တင်ခဲ့ပါသေးတယ်။ “Spotify ဟာလည်း Apple ရဲ့ကိုယ်ပိုင် music streaming ဝန်ဆောင်မှူတစ်ခုဖြစ်တဲ့ Apple Music နဲ့ ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။ ဥရောပ ကော်မရှင်အဖွဲ့ဟာ အဆိုပါ Spotify ရဲ့ complaint နဲ့ ပက်သတ်၍လည်း အဆုံးသတ်ဆုံးဖြတ်ချက် ကို ချမှတ်ခြင်းမပြုလုပ်ရသေးပါဘူး။ 

လွန်ခဲ့သော တင်္နလာနေ့က Apple မှပြောကြားခဲ့တာကတော့ သူတို့ရဲ့ App Store ဟာ developer များအတွက် ခိုင်မာတဲ့စီးပွားရေးစနစ်တစ်ခုကိုပေးအပ်လျှက်ရှိနေပြီး App Store ဟာ ၂၀၁၉ ခုနှစ် အတွင်း ရောင်းချခြင်းနဲ့ ငွေပေးခြေခြင်းတို့အတွက် ဒေါ်လာ ၅၁၉ဘီလျံရရှိအောင်စွမ်းဆောင်နိုင်ခဲ့ တယ်ဟုဆိုပါတယ်။ 
 

(Unicode)









သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။