Apple Employee Group Reject Planned Return On September

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.6.2021 | စက်တင်ဘာလတွင် ရုံးသို့ပြန်လည်တက်ရောက်ရမည့် အစီအစဉ်ကို Apple ဝန်ထမ်းအဖွဲ့တစ်ခုမှ ကန့်ကွက်ခဲ့ 

The Verge မှ သတင်းတစ်ပုဒ်အရ Apple CEO Tim Cook ရဲ့ “ဝန်ထမ်းများကို စက်တင်ဘာလတွင် ရုံးသို့ပြန်လည်တက်ရောက်စေမည့် အစီအစဉ်” ကို Apple ဝန်ထမ်းပေါင်း ၈၀ ခန့်မှ ကန့်ကွက်စာရေးသား၍ ကန့်ကွက်ခဲ့ပြီး Tim အနေနဲ့ ထိုသို့ပြုလုပ်မည့်အစီအစဉ်ကို ပြန်လည်စဉ်းစားပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရှိခဲ့ရပါတယ်။ 

ကန့်ကွက်စာရေးသားသူများမှ Apple အား သက်ဆိုင်ရာ Team များမှ မည်သူအနေနဲ့ အိမ်မှတစ်ဆင့်အလုပ်လုပ်နိုင်မည် (သို့) အခြားသောနေရာများမှ အလုပ်လုပ်နိုင်မည်ကိုဆုံးဖြတ်နိုင်ခွင့်ပေးစေလိုနေကြပြီး ခန္ဓာကိုယ်ချို့ယွင်းမှုရှိနေသူများအတွက် အဝေးမှအလုပ်လုပ်စေခြင်းနှင့် အလုပ်ချိန်ညှိနှိုင်းရလွယ်ကူသော အလုပ်ခွင်တစ်ခုဖြစ်လာစေရန်အတွက် “တိကျရှင်းလင်းတဲ့ လုပ်ဆောင်ရန်အစီအစဉ်” တစ်ခုကိုလည်း ဖန်တီးပြုလုပ်သွားဖို့အတွက်တို့အပြင် အခြားသော အချက်များကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ 

လက်ရှိအခြေအနေမှာတော့ အဆိုပါကန့်ကွက်စာဟာ မည်မျှအထိ ထိရောက်မှုရှိလာမည်ကို သိရှိနိုင်ခြင်းမရှိသေးပါဘူး။ ယခုကန့်ကွက်စာကိုရေးသားခဲ့သည့်အဖွဲ့မှာ လူ ၈၀ သာရှိပြီး သေးငယ်သော်လည်း အဆိုပါကိစ္စဟာ “remote work advocates” ဟုအမည်ရသည့် Apple မှ ဝန်ထမ်းပေါင်း ၂၈၀၀ ကျော်ဖြင့်ဖွဲ့စည်းထားသည့် Slack Channel တစ်ခုမှ အစပြုလာခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ ဒီအတွက် အဆိုပါကန့်ကွက်စာဟာ Apple ရဲ့ non-retail employee များ စုစုပေါင်း၏ အတော်များပြားလှတဲ့ပမာဏထံမှ အသံများကို ကိုယ်စားပြုနေနိုင်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။