Apple chip supplier Dialog is being bought by Japanese Giant Renesas Electronics

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.2.2021 | Apple ရဲ့ ကွန်ပြူတာ chip များကို ထုတ်လုပ်ပေးရသော Dialog ဟူသည့် ကုမ္ပဏီတစ်ခုအား ဂျပန်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Renesas Electronics မှ ဝယ်ယူရန်ရှိနေ

ဂျပန် ကွန်ပြူတာ chip များကို ထုတ်လုပ်သူကုမ္ပဏီတစ်ခုဖြစ်တဲ့ Renesas Electronics Corp ဟာ Dialog Semiconductor ကို ယူရိုငွေ ၄.၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၅.၉ ဘီလျံ) ဖြင့် ဝယ်ယူရန် သဘောတူညီ လိုက်ပြီဖြစ်ကြောင်း Business Insider သတင်းတစ်ရပ်အရ သိရှိခဲ့ရပါတယ်။

Renesas ဟာ ကမ္ဘာ့ကြီးဆုံး auto chip maker များအနက်မှ တစ်ခုဖြစ်ပါတယ်။ Renesas ရဲ့ President နဲ့ CEO ဖြစ်သူ Hidetoshi Shibaba ကတော့ “ယနေ့ကြေငြာလိုက်တဲ့ ဒီအရောင်းအဝယ်ကိစ္စဟာ Renesas ကို ပိုမိုကြီးထွားမှုရှိလာစေရန် အရေးကြီးသော အဆင့်တစ်ဆင့်ပဲဖြစ်ပါတယ်။” ဟူ၍ ပြောဆိုသွားခဲ့ပါတယ်။

စွမ်းအင်စီမံခန့်ခွဲရေး chip များနဲ့ fitness tracker များနဲ့ ကြိုးမဲ့ earphone များတွင် အသုံးပြုရသော low-energy Bluetooth product များတွင် အထူးကျွမ်းကျင်မှုရှိတဲ့ Dialog ကတော့ အဆိုပါ သဘောတူညီမှု ပြုလုပ်လိုက်တဲ့ ရောင်းချမှုဟာ သူတို့ရဲ့ ရှယ်ယာဝင်များအတွက် အလွန်ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပြီး Board of Director များအဖွဲ့ကလည်း ဒီ offer ကို ကန့်ကွက်ခြင်းမရှိ သဘောတူညီ ပေးခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။