Apple briefly crossed a $3 trillion market cap

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.1.2022 | Apple ရဲ့ ဈေးကွက်ရှယ်ယာများ ကန်ဒေါ်လာ ၃ ထရီလီယံအထိ ယာယီမြင့်တက်ခဲ့

Apple ရဲ့ ဈေးကွက်ရှယ်ယာများဟာ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကန်ဒေါ်လာ ၃ ထရီလီလံကို ခဏတာ ကျော်လွန်သွားခဲ့ပါတယ်။ ဒါဟာ ကန်ဒေါ်လာ ၂ ထရီလီယံသို့ ရောက်ရှိကျော်လွန်ပြီး ၁ နှစ်အကြာနှင့် ကန်ဒေါ်လာ ၁ ထရီလီယံသို့ ရောက်ရှိကျော်လွန်ပြီး ၃ နှစ်အကြာတွင် ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

Apple ရဲ့ အခုလိုကြီးမားတဲ့အောင်မြင်မှုများကို ရရှိနေခြင်းဟာ အများအားဖြင့် iPhone များနဲ့ ဆက်စပ်မှုရှိနေပြီး ၎င်းတို့ဟာ ကုမ္ပဏီရဲ့ငွေထုတ်စက်များဟုပင် တင်စား၍ခေါ်ဝေါ်နိုင်ကြမှာဖြစ်ပါတယ်။ ဒါ့အပြင် Apple ရဲ့ အခြားသောလုပ်ငန်းများဖြစ်တဲ့ Apple services နှင့် Mac ဌာနခွဲများတွင်လည်း ၂၀၂၁ ခုနှစ် စတုတ္ထ ၃ လပတ်တွင် အရောင်းရဆုံးစံချိန်အသီးသီးတင်နိုင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

1:45 PM ET တွင် ကန်ဒေါ်လာ ၃ ထရီလီယံ ပမာဏကိုကျော်လွန်သွားခဲ့ပြီး မကြာမှီတွင် Apple ရဲ့ ဈေးကွက်ရှယ်ယာများဟာ အဆိုပါပမာဏအောက်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ ဖြစ်နိုင်တာကတော့ ရှယ်ယာဈေးကွက်ပိတ်သိမ်းလိုက်တဲ့အချိန် 4:00 PM ET တွင် Apple ရဲ့ ဈေးကွက်ရှယ်ယာများဟာ  ကန်ဒေါ်လာ ၃ ထရီလီယံအထက်မှာရှိနေတဲ့အတွက် ကမ္ဘာ့ပထမဆုံး ရှယ်ယာများကို ပွင့်လင်းစွာရောင်းဝယ်မှုပြုလုပ်ပေးထားတဲ့ကုမ္ပဏီများအနက်တွင် အဆိုပါဈေးကွယ်ရှယ်ယာပမာဏရှိနေတဲ့ ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်သွားခဲ့တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။