Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
IGN မှ သတင်းတစ်ပုဒ်အရ Apex Legends ရဲ့ Game developer ဖြစ်တဲ့ Respawn ဟာ Nintendo Switch သို့ မတ်လ ၉ ရက်နေ့တွင်ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
Respawn ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ Chat Grenier မှ blog post တစ်ခုတွင် ရေးသားချက်အရ Apex Legends ရဲ့ Nintendo Switch version တွင် cross-platform functionality ပါဝင်လာမှာဖြစ်ပြီး Season 8 မှစ၍ ထွက်ရှိမှာဖြစ်ကာ အခြားသော version များနှင့် အပြည့်အဝကိုက်ညီမှုရှိစေမည်ဟူ၍ ဆိုထားခဲ့ပါတယ်။ Season 8 Battle Pass ကို ဝယ်ယူမည့် Swith player များအနေနဲ့လည်း Battle Pass Level 30 ကို အခမဲ့ရရှိနိုင်မှာဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါသေးတယ်။
Apex Legends ဟာ Respawn Entertainment မှ ထုတ်လုပ်ပြီး Electronics Arts မှ ဖြန့်ဝေပေးခဲ့တဲ့ ရေပန်းစားသော free-to-play first-person hero shooter battle royale ဂိမ်းတစ်ခုဖြစ်ပါတယ်။ Apex Legends ကို ယခင်က Microsoft Windows, PlayStation 4, and Xbox One တို့အတွက် ဖေဖော်ဝါရီလ ၄ရက်၊ ၂၀၁၉ ခုနှစ်တွင် စတင်ဖြန့်ချီပေးခဲ့ပြီး ယခုအခါတွင်တော့ Nintendo Switch သို့ ရောက်ရှိလာတော့မှာလည်း ဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။